ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) ရန်ကုန် ၊ ပဲခူး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှုများ အရ သိရသည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲများကို ယနေ့ ညနေပိုင်း စတင်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတို့က စတင်...
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁ ရက်အထိ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ၁၇၉ ခုထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၉ ရက်(ဆင်ဟွာ) စားနပ်ရိက္ခာဖူလုံရေးအတွက် ငါးလုပ်ငန်း ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးသည် အလွန် အရေးကြီးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောကြားသည်။
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ) အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်လာသော Biman Bangladesh Airlineမှ လေယာဉ်တစ်စီးသည် ယနေ့ ည ၆နာရီ ၅၂ မိနစ်တွင်လေယာဉ်ပြေးလမ်း ချော် မှုဖြစ်ပွားခဲ့ရာ လေယာဉ်ဝန်ထမ်းများအပါအဝင် ၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Biman Bangladesh Airlines မှလေယာဉ်တစ်စင်း ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ပြေးလမ်းချော်ကာ လေယာဉ်ပျက်စီးမှုဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လေဆိပ်မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနကို အတည်ပြုပြောကြားသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ တူမီးသေနတ် ၂၃ လက်နှင့် လက်လုပ်သေနတ် ၂ လက် လာရောက်အပ်နှံမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။