Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ် ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ပြိုမှုကြောင့် နှစ်ရက်အတွင်း သေဆုံးသူ ၄၁ဦးထိရှိ

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် နှစ်ရက်အတွင်း (သြဂုတ် ၁၀ ရက် ည ၇နာရီ ၃၀ချိန်ထိ) သေဆုံးသူ ၄၁ ဦးရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

“ဒီနေ့တစ်နေ့ထဲ အလောင်း ၁၉လောင်း ထပ်ရှာတွ့ပါတယ်၊ ခုညထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲပါ၊ ဒီနေ့ အသက်ရှင်လျက် တွေ့သူမရှိဘူး dead body တွေပဲ ရှာတွေ့တယ်”ဟု တောင်ပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်ကိုင်နေသော မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တောင်ပြိုကျမှုကြောင့်မြေအောက်သို့ နေအိမ် ၂၇ လုံး၊ ကုန်တင်ယာဉ် ၃ စီး၊ ပရိုဘောက် တစ်စီးနှင့် ထော်လာဂျီ တစ်စီး စုစုပေါင်း ကား၅စီး ရောက်ရှိခဲ့ကြောင်း၊ ထော်လာဂျီပေါ်ရှိ လူများ အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း တောင်ပြိုကျသည့်နေရာသို့ ရောက်ရှိလာသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မီဒီယာများသို့ ပြောကြားသည်။

ယနေ့ (သြဂုတ် ၁၀ရက်) နေ့လည် ၃နာရီခန့်က မလတ်တောင်ပြိုကျမှုနေရာသို့ နိုင်ငံတော် ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ၊ လူ/ကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့မှအဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၉ ရက် နံနက်အစောပိုင်းမှ စတင်ပြီးမွန်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117