Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်ရှိ မလတ်တောင်ပြိုမှုကြောင့် သေဆုံးသူ ဦးရေ တိုးလာ လတ်တလော သေဆုံးသူ ၃၀ကျော်ရှိ


ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူတိုးလာပြီး သြဂုတ် ၁၀ ရက် နေ့လည် ၁နာရီ ၃၅အချိန်ထိ သေဆုံးသူ ၃၀ ကျော် ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ပြိုကျမှုအား ကယ်ဆယ်ရှာဖွေရာတွင် ယနေ့(သြဂုတ် ၁၀ရက်) နေ့လည်ပိုင်းထိ ရုပ်အလောင်း ၁၁ လောင်းထပ်မံရရှိခဲ့သဖြင့် လတ်တလော သေဆုံးသူ ၃၃ ဦးရှိနေပြီဖြစ်ကြောင်း၊ ယင်း တောင်ပြိုကျမှုကြောင့် မြေကြီးများအောက်ရှိ ကျန်ရှိသူများအား ဆက်လက်ရှာဖွေနေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ မလတ်တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ တောင်ပြိုကျအောက်သို့ နေအိမ် ၂၇ လုံး၊ ကုန်တင်ယာဉ် ၃ စီး၊ ပရိုဘောက် တစ်စီးနှင့် ထော်လာဂျီ တစ်စီး စုစုပေါင်း ကား၅စီး ရောက်ရှိခဲ့ကြောင်း၊ ထော်လာဂျီပေါ်ရှိ လူများ အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်း၊ တောင်ပြိုကျသည့်နေရာသို့ ရောက်ရှိလာသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက မီဒီယာများသို့ ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ မလတ်တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ယနေ့ (သြဂုတ် ၁၀ရက်) နေ့လည် ၃နာရီခန့်က မလတ်တောင်ပြိုကျမှုနေရာသို့ နိုင်ငံတော် ဒုတိယ သမ္မတဦးဟင်နရီဗန်ထီးယူ၊ လူ/ကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့မှအဖွဲ့ဝင်များ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့နယ်၌ မလတ်တောင်ပြိုကျမှုအားတွေ့ရစဉ်(ဆင်ဟွာ)

“ အန္တရာယ်ရှိတဲ့နေရာအဖြစ် သတ်မှတ်ပြီး ဘယ်သူ့မှပေးမဝင်တော့ဘူးလို့ တာဝန်ရှိသူတွေရယ် လွှတ်တော် ကိုယ်စားလှယ်တွေရယ် တိုင်ပင်နေကြပါတယ်၊ လာကြည့်တဲ့လူတွေက များလာတယ်၊ လာလှူတဲ့ကားသေးတွေနဲ့ လမ်းတွေလဲ ထပ်ပိတ်နေပါပြီ၊ အချိန်မရွေး တောင်ထပ်မပြိုနိုင်ဘူး ပြောမရပါဘူး၊ ကယ်ဆယ်ရေးအပြင် ကြိုတင်ကာကွယ်ရေး လိုအပ်နေပါတယ်” ကယ်ဆယ်ရေးလုပ်ငန်းများအား ကူညီရန် ရောက်ရှိနေသော ၈၈ မျိုးဆက်-ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောကြားသည်။

မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်သည် သြဂုတ် ၉ ရက် နံနက် ၇နာရီ ဝန်းကျင်တွင် ပြိုကျခဲ့ပြီး နေအိမ်များ၊ ကားများ တောင်ပြိုကျမှုအောက်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ တောင်ပြိုကျမှုကြောင့် ပိမိနေသော လူများကို ရှာဖွေကယ်ဆယ်ရေးများ ၂၄ နာရီကျော်လာသည်အထိ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ရေးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။(Xinhua)