Connect with us

Politics, Law & Military

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပ

JMC အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ် မျက်နှာစုံညီအစည်းအဝေးကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ သြဂုတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖွဲ့ဝင်များ ဖြစ်ကြသော JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီး၊ ကော်မတီဝင် သူရဦးဘိုနီနှင့် ဦးမောင်မောင်ငြိမ်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကော်မတီများနှင့် ဒေသဆိုင်ရာအဆင့် ကော်မတီများက လုပ်ငန်းဆောင်ရွက်ချက်များ၊ အောင်မြင်မှုနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် JMC လုပ်ငန်း အကောင်အထည်ဖော်မှု အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သဘာပတိ JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးက ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်လျော့နေသည့် ကာလတွင် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းများ ပြန်လုပ်နိုင်ရန် JMCကကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယဥက္ကဋ္ဌ (၂) ဦးကိုကိုကြီးနှင့် ကော်မတီဝင် အရပ်သားကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အရပ်သား ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် လင်းခေးနှင့် ကရင်ပြည်နယ် ဖာပွန်တို့မှ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီဝင် အရပ်သားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117