နေပြည်တော်၊ မေ ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့ အတွက် တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့က ပြန်ကြားရေး ဝန်ကြီး ဌာနတွင် ယနေ့ ညနေပိုင်း၌ သတင်းစာရှင်းပွဲ ကျင်းပခဲ့ကြသည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၅/၅) အနီး တွင် မေ ၂၆ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း...
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ နှင့် ဟန်ဂေရီ နိုင်ငံ များသို့မကြာမီ ကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာ-ကလေးဝ၊ မြစ်တွင်းရေလမ်း၌ ယနေ့ နံနက် ၈း၃၀နာရီ တွင် ကုန်တင် ဖလက်တွဲနှင့် အငှားဖောင်တွဲ ရေယာဉ်တို့တိုက်မှုဖြစ်ပွားခဲ့ရာ ရေယာဉ်ပေါ်ပါသူ (၁၁)ဦးအနက် (၅)ဦးသေဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၁၁၀၀ သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁.၁ ကီလို အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးငွေကျပ် ၄၂၁၀.၈၇၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀,၇၂၅ပြား အားသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရား ထူထောင်ရန် ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက အသိအမှတ်ပြုသည့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို မိုဘိုင်းပေးမင့် (Mobile Payment) များအသုံးပြု၍ ထုတ်ယူနိုင်သကဲ့သို့ ဘဏ်ခွဲ ၂၈၁ ခုတွင် Myanmar Mobile Money ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်လျက်ရှိသော ကြိုးကြာခေါင်းနီ ထိန်းသိမ်းရေးနှင့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သုံးနှစ်အတွင်း မှတ်တမ်း တင်နိုင်မှု အကောင်ရေ ၂၀၀ ခန့် တိုးလာကြောင်း သိရသည်။
ရန်ကုန်၊မေ ၂၄ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ မေလအတွက် ကျေးဇူးတင်ထိုက်သူအဖြစ် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးအောင်မြတ်မိုးနှင့် အဖွဲ့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။