Connect with us

Agriculture

မြန်မာ့လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲခြင်း နှင့် စက်မှုလယ်ယာ ဖွံ့ဖြိုးရေး မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်း အနားအား တွေ့ ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲခြင်းနှင့် စက်မှုလယ်ယာဖွံ့ဖြိုးရေး အတွက် မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား သြဂုတ် ၂ ရက်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ နားလည်မှု စာချွန်လွှာ အရ လယ်ယာကဏ္ဍတွင် ဆည်မြောင်းရေသွင်းခြင်း နည်းပညာများ ဖွံ့ဖြိုး တိုးတက် စေရေး အတွက် မန္တလေးတိုင်းဒေသကြီး ၊ စဉ့်ကိုင်မြို့နယ် ၊ ရွှေလှံဗိုလ်မြစ်ရေတင်နှင့် မြေအောက်ရေ လုပ်ငန်း ဆိုင်ရာ သင်တန်း ကျောင်းတွင် ဆည်မြောင်း ဆိုင်ရာ နည်းပညာစင်တာ တည်ထောင်ခြင်း၊ စက်မှု လယ်ယာ စနစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိအမှတ်(၆၁) စက်မှု လယ်ယာ စခန်းတွင် စက်မှု လယ်ယာ ဆိုင်ရာ နည်းပညာစင်တာ တည်ထောင်ခြင်းတို့တွင် အီတလီနိုင်ငံ၏ နည်းပညာ အထောက်အပံ့ဖြင့် စီမံကိန်းကာလ ၃ နှစ်တာ အတွင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို နေပြည်တော်ရှိ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်း၌ ပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အီတလီနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ကိုယ်စား မြန်မာ နိုင်ငံ ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး Mrs. Alessandra Schiavo တို့က လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။(Xinhua)