Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးရှိ (ဒလ)တံတားစီမံကိန်း ဘိုးပိုင်လုပ်ငန်းများဆောင်ရွက်

ဒလတံတတားစီမံကိန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ်နှင့် ဒလမြို့နယ်တို့ကို ရန်ကုန် မြစ်အားဖြတ်သန်းကာ ဆက်သွယ် တည်ဆောက်နေသော (ဒလ) တံတားစီမံကိန်းသည် လက်ရှိတွက် ဒလဘက်ကမ်းနှင့် ရန်ကုန်ဘက်ကမ်းတို့ရှိ အောက်ခံ ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထိုဒလတံတားစီမံကိန်းကို အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းများစတင် ဖော်ဆောင်သည့် ဇွန်လကုန်ပိုင်းမှ စတင်ကာ (၄၁ လကြာ) ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ၊ တံတားဦးစီးဌာနမှ သိရသည်။

အလားတူ ဒုတိယ ရန်ကုန်ဘက် ကမ်းအပိုင်းကို ရွှေတောင်ဆောက် လုပ်ရေးက တာဝန်ယူ တည်ဆောက် နေပြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းထိပ် ရန်ကုန်မြစ်ဘေးစီမံကိန်းနေရာတွင် ဘိုးပိုင်တူးဖော်ခြင်းလုပ် ငန်းများ၊ ကွန်ကရစ်လောင်းခြင်းနှင့် သံမဏိသံခြင်းကြီးများ ချခြင်းလုပ်ငန်း ကို စက်ယန္တရားကြီးများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထိုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မှု တွင် အခက်အခဲများရှိသော်လည်း သတ်မှတ်ကာလ အတွင်း ပြီးစီးရေးနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးတို့ကို ရှေးရှုကာ ညှိနှိုင်းဆောင်ရွက်နေရကြောင်း သိရသည်။

တံတားတည် ဆောက်သည့် နည်းပညာအားလုံးသည် နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းအတိုင်း ခေတ်မီနည်းပညာကိုအသုံးပြုပြီး ကေဘယ်လ်ကြိုးတံတားဒီဇိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ထိုတံတားကြီး၏ ရေလယ်တာဝါတိုင်နှစ်တိုင် အကွာအဝေးသည် မီတာ ၃၇၀ ခန်းဖွင့်အကျယ် ရှိကြောင်း သိရသည်။ တံတား၏ဒလ ဘက်ခြမ်း ချဉ်းကပ်တံတားအရှည် သည် ၅၇၇ မီတာရှိပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာရှိကာ ရေလယ်အပိုင်းပင်မ တံတား အရှည်သည် မီတာ ၆၉၀ ရှည် ပြီး စုစုပေါင်းတံတား အရှည်သည် ၆၁၄၄ ပေ ရှိသည်။ ရေလမ်း ကင်းလွတ်ခွင့်အမြင့်သည် ၄၉ မီတာ (ပေ ၁၆၀)ရှိသည်။ တံတားတွင် တစ်ဖက်လျှင် လေးမီတာကျယ်ဝန်း သည့် လူသွားလမ်းပလက်ဖောင်း အသွား၊ အပြန်ပါရှိသည့် လေးလမ်း သွားတံတားဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117