ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ညောင်ကျေးရွာ၌ မတ် ၂၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ ၈၀ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ မတ်လ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) ဌာနတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သော NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိခဲ့သည့် သဘောထား စုစည်းမှု...
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် မော်တော်ယာဉ်တိမ်းမှောက်၍ ကလေး ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၂/၁) နှင့် (၄၂/၂)ကြားတွင် ယနေ့ နေ့လည် ၃နာရီ ၅၅မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၈ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များလိုက်ပါ လာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ အမ်း-မင်းဘူးလမ်း မိုင်တိုင်အမှတ်(၈၈)မိုင် (၄)ဖာလုံနှင့် (၃)ဖာလုံကြား ဆင်ခုံတိုင်ကျေးရွာအနီးရှိ ပေ ၇၀ ခန့်ရှိသော ချောက်အတွင်းသို့ ယာဉ်တစ်စီးပြုတ်ကျပြီး လူ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးအား ရာထူးမှ ယင်းတို့၏ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ်၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနောက်-အနောက်တောင်ဘက် (၄၅) မိုင်ခန့် အကွာတွင် ဗဟိုချက် အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးလေဝသ နှင့်...