Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသော ထိန်းချုပ်ဓာတုပစ္စည်းများအားတွေ့ရစဉ် (CCDAC)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် ငွေကျပ် ၅၁၀၀ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံချက် ‘‘ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

သီပေါ-လားရှိုးသွား ပြည်ထောင်စုလမ်းပေါ်တွင် မေ ၁၈ ရက်က ရပ်တန့်ထားသည့် ၁၈ ဘီးမော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ယာဉ်၏နောက်တွဲပေါ်မှ စပါးခွံအိတ်များဖြင့်ဖုံးအုပ်ထားသော သံပေပါ ၆၈ လုံးဖြင့်ထည့် ထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ထိန်းချုပ်ဓာတု အီသိုင်းအီသာ အရည် ၁၀၂၀၀ လီတာ(ဒေ သကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၁၀၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အပေါ် သီပေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.