Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် သိန်း၈၇၃၀ တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော ကတ်တမင်းများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် မေ ၁၈ ရက် နံနက်ပိုင်းက ငွေကျပ် သိန်း၈၇၃၀ တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စုစုပေါင်း ကတ်တမင်းအလေးချိန် ၈၇.၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၇၃၀ သိန်း)၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မြန်မာငွေ ၇.၀၉ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါကတ်တမင်းများ၏ပိုင်ရှင်ဖြစ်သူ အမျိုးသားနှစ်ဦးကိုလည်း ယင်းနေ့ ၎င်းတို့နေထိုင်သည့်နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.