Connect with us

Sport

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယ ကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ နိုင်ငံမှ ရွှေတံဆိပ်ဆု ၉ ဆု ရရှိ


ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ)

၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား အိမ်ရှင် အဖြစ် မြန်မာနိုင်ငံ လက်ခံ ကျင်းပ ခဲ့ရာတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၉ ဆုဖြင့် အများဆုံး ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ နိုင်ငံသည် ရွှေတံဆိပ်ဆု ၉ ၊ ငွေတံဆိပ်ဆု ၉ ဆု နှင့် ကြေးတံဆိပ်ဆု ၁၀ ဆု စုစုပေါင်း ဆုတံဆိပ် ၂၈ ဆု ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် Men’s bodybuilding – ၈၀ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော ခင်မောင်ကျော်က “နိုင်ငံတကာပွဲတွေမှာ ရွှေတံဆိပ်ရတာ ဒါက ပထမဆုံးအကြိမ်ပါ၊ ဒီပြိုင်ပွဲမှာဝင်ပြိုင်ဖို့ မတ်လမှာ လူရွေးပွဲလုပ်ပါတယ် အဲဒီလူရွေးပွဲကနေ ဒီမှာ ကျွန်တော် ကီလို၈၀တန်းမှာ ဝင်ပြိုင်ခွင့်ရခဲ့တာပါ။ အဲဒီအချိန်ကတည်းက အသည်းအသန်လေ့ကျင့်ခဲ့ရတာပါ။ ဆရာတွေကလည်း လိုအပ်ချက်တွေကို ထောက်ပြပြောပြပေးတယ်။ နောက်လည်း ပြိုင်ပွဲတွေအများကြီး ဝင်ပြိုင်ဦးမှာပါ။”ဟု ပြောကြားခဲ့သည်။

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆု ၅ ဆု ၊ ငွေတံဆိပ်ဆု ၄ ဆု နှင့် ကြေးတံဆပ်ဆု ၇ ဆု ရရှိခဲ့ပြီး ယနေ့ ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ်ဆု ၄ ၊ ငွေတံဆိပ်ဆု ၅ နှင့် ကြေးတံဆိပ်ဆု ၃ ဆု ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော နှင်းနှင်းအေးက “ဒီအားကစားကို သေချာ စနစ်တကျလေ့ကျင့်ခဲ့တာ သုံးနှစ်ရှိပါပြီ။ ဒုတိယ၊ တတိယတွေ ရခဲ့ဖူးပါတယ်။ ရွှေတံဆိပ်ဆုကိုရတာ ဒါ ပထမဦးဆုံးအကြိမ်ပါ။ မနှစ်က ကမ္ဘောဒီယားမှာ ကျင်းပခဲ့တဲ့ ၁၅ကြိမ်မြောက်ပွဲမှာ Women’s Model Physique နဲ့ ဆုရခဲ့ဖူးပါတယ်။ မြန်မာအမျိုးသမီးကာယမယ်တွေနောက်ပိုင်းများလာတာကိုတွေ့ရလို့ ဝမ်းသာမိတယ်။”ဟု ပြောကြားခဲ့သည်။

ယခု ကျင်းပသော အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ နိုင်ငံမှ အမျိုးသား အဖွဲ့ ချန်ပီယံဆု ၊ အမျိုးသမီး အဖွဲ့ ချန်ပီယံဆုအား ရရှိခဲ့ပြီး Overall Championship- Mr. South East Asia 2019 ကို ဘရူနိုင်း နိုင်ငံမှ ရရှိခဲ့ကြောင်း သိရသည်။

၁၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလ နှင့် ကာယ ကြံခိုင်မှု အားကစားပြိုင်ပွဲအား ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117