ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူများ သတိပြုလိုက်နာရမည့် အချက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီ ၁ ရက်နှင့် ၂ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မင်းပြား မြို့နယ် အတွင်း ည ၉ နာရီ အချိန်မှ နံနက် ၅ နာရီ အတွင်း သွားလာခြင်း မပြုရန် ညမထွက်ရ အမိန့်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကယနေ့ ဧပြီ...
နေပြည်တော်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ပေါ်ထွက်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဒုတိယ...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မဟူကျေးရွာ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ ကနီသစ်တောကြိုးဝိုင်းအနီး ပန်းချီငိုတောတိုက်အတွင်း တောမီးလောင်ကျွမ်း၍ လူ ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မြန်မာ့ စာတိုက် လုပ်ငန်းမှ ၁၂ လရာသီ ပွဲတော်များနှင့် ပန်းများ အထိမ်းအမှတ် ၊ တန်ခူးလအတွက် သြင်္ကန်ပွဲနှင့် ပိတောက်ပန်း ၊ ကံ့ကော်ပန်းပါ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုးကို ဧပြီ...
ရန်ကုန်၊ဧပြီ ၂ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ၂၀၁၉ ခုနှစ် မတ်လအတွင်း ယာဉ်မတော်တဆမှု ၅၁ မှုဖြစ်ပွားပြီး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မရမ်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်(၉၇/၁-၂)ကြား၌ မတ် ၃၁ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ်၃၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် မတ်လ ၃ဝ ရက်ကကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ဆင်ဟွာကို ယနေ့ညနေ ၅း၃၀ နာရီတွင်ဖြေကြားခဲ့သည်။