Connect with us

Politics, Law & Military

တရုတ် -မြန်မာ စီးပွားရေး စြင်္က ံရုံး နေပြည်တော်တွင် ဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang နှင့် အဖွဲ့  ရောက်ရှိလာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း၏ တရုတ် – မြန်မာ စီးပွားရေး စြင်္က ံရုံးကို နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Grand Aster Villa Office Building တွင် ယနေ့ နံနက် စတင်ဖွင့်လှစ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang၊ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များ အသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူးချုပ် ဦးအောင် ကြည်စိုးနှင့် ACE Group of Companies Senior President ဦးတင့်ဆန်း တို့ တက်ရောက်ခဲ့ကြ သည်။

ဖွင့်ပွဲ အခမ်းအနား၌ ဒုတိယ ဝန်ကြီး ဦးအောင်ထူးက အမှာစကား ပြောကြားရာတွင် “မြန်မာ – တရုတ် စီးပွားရေး စြင်္က ံ တည်ဆောက်ဖို့ အတွက် နှစ်နိုင်ငံလုံးက အဆင်သင့် ဖြစ်နေပါပြီ၊ တကယ်ဆိုရင် အရှေ့အလယ်ပိုင်းမှသယ်ဆောင်လာတဲ့ ရေနံ ဓာတ်ငွေ့တွေ တရုတ်နိုင်ငံကို တိုက်ရိုက် ပို့ဆောင်လျက်ရှိတဲ့ ကီလိုမီတာ ၁၀၆၀ ရှည်ပြီး ကျောက်ဖြူနဲ့ ကူမင်းကို ချိတ်ဆက်ထားတဲ့ ရေနံ ဓာတ်ငွေ့ ပိုက်လိုင်းဟာ မြန်မာ – တရုတ် စီးပွားရေး စြင်္က ံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်၊ ဒီ စီးပွားရေး စြင်္က ံဟာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ရင်းနှီး မြှုပ်နှံမှုနဲ့ စီးပွား ကုန်သွယ်ရေး အခွင့် အလမ်းတွေကို ဖော်ဆောင်ပေး နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အဲဒီလို ဖော်ဆောင်ပေးကြ ဖို့လည်း နှစ်နိုင်ငံလုံးက ကုမ္ပဏီများကို တိုက်တွန်းအားပေးစား ပြောလိုပါတယ်၊ ဒီနေ့ ဖွင့်လှစ်လိုက် တဲ့ ရုံးအနေနဲ့ နှစ်နိုင်ငံ စီးပွား ဆက်သွယ်မှု လုပ်ငန်းတွေမှာ ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ရောက်ရှိလာစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် လုပ်ငန်းရှင်များအသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

တရုတ် -မြန်မာ စီးပွားရေး စြင်္က ံရုံးအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်။(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က “နေပြည်တော် ရုံးခွဲ ဖွင့်လှစ်ခြင်းဟာ မြန်မာ တရုတ်လုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံ အစိုးရ ဌာနများအကြား ဆက်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို မြှင့်တင်ဖို့ အတွက် အကျိုးရှိပါတယ်၊ မြန်မာ တရုတ် လုပ်ငန်းရှင်များအသင်းက တရုတ် – မြန်မာ စီးပွား ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးရဲ့ လုပ်ငန်းများ ဖော်ဆောင်ရေးကို ပိုမိုကောင်းမွန်အောင် ကူညီနိုင်ဖို့အတွက်လည်း အကျိုးရှိပါတယ်၊ တရုတ် – မြန်မာ နှစ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမ Belt and Road နဲ့ တရုတ် – မြန်မာ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်မှုမှာ တရုတ် ကုမ္ပဏီများ ပိုမို ကောင်းမွန်အောင် ပါဝင်ဖို့ အတွက်လည်း အကျိုးရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက “စီးပွားရေး စြင်္က ံ ရုံးခန်း ဖွင့်လှစ်နိုင်ခြင်းဟာ နှစ်နိုင်ငံမှ လုပ်ငန်းရှင်များ စီးပွား ရေး လုပ်ကိုင်ရာမှာ ပွင့်လင်း မြင်သာစွာ နဲ့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်မှာ ဖြစ်သလို ဝန်ကြီးဌာနများမှ တာဝန်၇ှိသူများနဲ့လည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ နှစ်နိုင်ငံ ပြည်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်၊ China – Myanmar Economic Corridor Project မှ တစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ် အောက်မှာ (MCBA:_ Myanmar – China Business Association) ကို ဖွဲ့စည်း ထားပြီး လိုအပ် သည်များ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ် လုပ်ငန်းရှင်များအသင်း(CECCM:_ China Enterprises Chamber of Commerce in Myanmar) ဥက္ကဋ္ဌ Mr. Liu Ying ကလည်း “တရုတ် မြန်မာ စီးပွားရေး စြင်္က ံ ရုံးခန်း ဖွင့်လှစ်ပြီးနောက်မှာ မြန်မာနိုင်ငံ လုပ်ငန်းများ လက်ရှိအခြေအနေနဲ့ တရုတ်နိုင်ငံ လုပ်ငန်းများရဲ့ အားသာချက်ကို ပေါင်းစပ်ပြီး နှစ်နိုင်ငံ စီးပွားဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုရဲ့ ကွင်းဆက်ကို သိနားလည်အောင် ရှာဖွေကြရပါမယ်၊ နှစ်နိုင်ငံ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြင့် ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးရပါမယ်၊ ဒီရုံးခန်းကနေ စီးပွားရေးစြင်္က ံ ရဲ့ လုပ်ငန်း စီမံကိန်းတွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆောင်ရွက်ပေးနိုင်လာမှာ ဖြစ်ပါတယ်” ဟု ပြော ကြားခဲ့သည်။

ထို့နောက် အခမ်းအနားကို မင်္ဂလာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ China Myanmar Economic Corridor Office ကို ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.