Connect with us

Social

ထူးချွန် လေယာဉ်မှူးနှင့် အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂုဏ်ပြု

ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးမင်းသူက ဂုဏ်ပြုအမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၆ ရက်(ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်း(Myanmar National Airlines) မှ ထူးချွန်စွာ တာဝန် ထမ်းဆောင်ခဲ့ကြ သော လေယာဉ်မှူးကြီးနှင့် လေယာဉ် အဖွဲ့သားများအား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂုဏ်ပြုလွှာ များ ချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော် Horizon Lake View Resort Hotel တွင် ယနေ့ ကျင်းပခဲ့ရာ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အရာရှိ ကြီးများ တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယခုကိစ္စအပေါ် အလေးအနက်ထား၊ သေချာစွာ မေးမြန်းပြီးမှ ဂုဏ်ပြုလွှာများကို လက်မှတ်ရေးထိုး ပေးပို့ခြင်း ဖြစ်ကြောင်း၊ အဖွဲ့ခေါင်းဆောင် ကပ္ပတိန်၏ စီမံ ခန့်ခွဲမှု၊ အဖွဲ့ဝင်များ၏ ပူးပေါင်း ဆောင် ရွက်မှု အားလုံး ကောင်းမွန်သောကြောင့်သာ ခရီးသည်များ ဘေး အန္တရာယ် ကင်းရှင်းအောင် ပျံသန်း ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ဂုဏ်ပြုပါကြောင်း၊ နောင်ကို ပျံသန်းရေး တာဝန် ဆက်လက် ထမ်းဆောင်ကြရာမှာ “Teamwork is the key to success, teamwork is the key to achieve” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာကြမည်ဆိုလျှင် ခရီးသည်များ၏ အသက် အိုးအိမ် စည်းစိမ်များကို ယခုလိုပဲ ကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင် ဂုဏ်ပြု အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

UB 103 တွင် လိုက်ပါခဲ့သော ခရီးသည်များကိုယ်စား မြန်မာနေရှင်နယ်လ်လိဂ် ၏ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ဂုဏ်ပြုစကား ပြောကြားစဉ်။(ဆင်ဟွာ)

လေယာဉ်မှူးနှင့် အဖွဲ့သားများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်စဉ်။(ဆင်ဟွာ)

လေယာဉ်မှူးနှင့် အဖွဲ့သားများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်စဉ်။(ဆင်ဟွာ)

လေယာဉ်မှူးနှင့် အဖွဲ့သားများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်စဉ်။(ဆင်ဟွာ)

UB 103 လေယာဉ်အဖွဲ့သားများကိုယ်စား လေယာဉ်မှူး မြတ်မိုးအောင်က ကျေးဇူးတင်စကား ပြောကြားစဉ်။(ဆင်ဟွာ)

မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြစဉ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်ကလည်း ချီးကျူး ဂုဏ်ပြုထိုက်သူများကို ယခုကဲ့သို့ ချီးကျူး ဂုဏ်ပြုရခြင်းမှာ ကျက်သရေ မင်္ဂလာရှိလှကြောင်း၊ အရေးပေါ်အခြေအနေမှာ တည်တည်ငြိမ်ငြိမ်ဖြင့် သတ္တိ ရှိရှိဖြင့် လုပ်စရာရှိသည်များ၊ လုပ်သင့်သည် များကို ဆောင်ရွက်နိုင်ခဲ့သော ခေါင်းဆောင် ကပ္ပတိန်နှင့် အဖွဲ့သားများ အားလုံးကို ဂုဏ်ပြု ချီးကျူး ပါသည်ဟု အများ ရှေ့မှောက်၌ အသေအချာ ပြောကြားပါကြောင်း၊ လေယာဉ်မယ်များ၏ လမ်းညွှန်မှု များအပေါ် စည်းကမ်းတကျ လိုက်နာဆောင်ရွက်ခဲ့ကြသည့် ခရီးသည်များအားလည်း ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့ပြီး UB 103 ခရီးစဉ်တွင် လိုက်ပါခဲ့သော ခရီးသည်များ ကိုယ်စား မြန်မာ နေရှင်နယ်လ် လိဂ် ၏ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ထို့နောက် လေယာဉ်မှူးကြီးနှင့် အဖွဲ့သားများအား ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ရာ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုလွှာများကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဦးမင်းသူက ကိုယ်စား ချီးမြှင့်ပေးခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ချီးမြှင့် သည့် ဂုဏ်ပြုလွှာများကို ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ ၎င်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်း၊ မြန်မာအမျိုးသား လေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်တို့က အသီးသီး ဆက်လက် ချီးမြှင့်ခဲ့ကြသည်။

ထိုအခမ်းအနားသို့ UB 103 ခရီးစဉ်တွင် လိုက်ပါခဲ့ကြသည့် ရုပ်ရှင် သရုပ်ဆောင် နေမင်းနှင့် ခရီးသည် အချို့တို့လည်း တက်ရောက်ခဲ့ကြပြီး ထူးချွန်လေယာဉ်မှူးကြီးနှင့် အဖွဲ့အား ခရီးသည် များက ဂုဏ်ပြုကြမည့် အခမ်းအနားကို လာမည့် တနင်္ဂနွေနေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရ သည်။(Xinhua)