ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်နှင့် ဒလမြို့နယ်တို့တွင် ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၃၀ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ၄ ရွက် တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) စက်တင်ဘာလ ၁၄ ရက်နေ့အထိ သတ်မှတ်ကန်ရေပြည့်အမှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိသည့် ဆည်/တမံ (၃၇) ခုရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ တရားဝင်ဝပ်ဘ်ဆိုက်ဖြစ်သော www.yangon.hluttaw.mm အားစမ်းသပ်ထုတ်လွှင့်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ် ရေကြီး ရေလျှံခြင်းကြောင့် သီးနှံပျက်စီးခဲ့ရသည့် တောင်သူ လယ်သမားများ သီးနှံ အစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၄ ဒသမ ၃၄၉ ဘီလီယံ ထောက်ပံ့ခြင်းကို ယနေ့...
နေပြည်တော်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ပြိုကျခဲ့သော မြောင်းမြတံတားအား ၂၀၁၉ မတ်လအကုန်တွင် အပြီး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု၏ အရေးပေါ်ရန်ပုံငွေမှ ကျပ် ခြောက်ဘီလီယံ သုံးစွဲမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက်ကို ပြည်ထောင်စုလွှတ်တော်...
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ် ၉,၆၆၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အာဆီယံ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သတင်း ထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်ချက် ၁၅ ချက် ချနိုင်ခဲ့ကြောင်း JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က မီဒီယာ မီဒီယာများ နှင့်...
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးအနား၌ရှိသည့် ရေရရှိရာ မြစ်ချောင်းများမှရေကို သန့်စင်ပြီး သုံးစွဲရန် အသင့်ရှိသည့်ရေအဖြစ် ဖြန့်ဖြူးရန် လေ့လာမှုများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ကပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီမြစ်ရေ နစ်မြုပ်ခဲ့သော အများသုံး ရေတွင်း (၁၇၂၁)တွင်းမှ ရေဆိုးရေညစ်များ စုပ်ထုတ်ပြီး ကလိုရင်းဆေးခတ်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။