Connect with us

Politics, Law & Military

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှု မြှင့်တင် ပေးလျက်ရှိ

-၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံသား အများအပြား သွားရောက် လုပ်ကိုင် နေကြသည့် ဒေသတွင်း နိုင်ငံများ၏ အစိုးရ များနှင့် ဆွေးနွေး ညှိနှိုင်းကာ မြန်မာ ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေး များကို ကာကွယ် စောင့်ရှောက်မှု မြှင့်တင် ပေးလျက် ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ (International Migrants Day) အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက် နေကြသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ ပုဂ္ဂလိက အေဂျင်စီ များနှင့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများကို ဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်း သွားလာနေထိုင်မှု (Safe Migration) ဖြစ်စေရန်အတွက် အားလုံးက ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးရန်နှင့် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာ တွင် ဝန်ကြီးဌာန တစ်ခုတည်း၊ တစ်နိုင်ငံတည်း ဖြေရှင်းခြင်းထက် ဝန်ကြီးဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ နိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်း များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းများရှိမှသာ ထိရောက်အကျိုးရှိနိုင်မည်ဟု ယုံကြည်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ရွှေ့ပြောင်း သွားလာသူများနှင့် နိုင်ငံ တော်၏ အကျိုးဖြစ်ထွန်းစေရေးအတွက် အလုပ်သမားများ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ အမျိုးသား မူဝါဒ များ ချမှတ်ခြင်းနှင့် အဆိုပါမူဝါဒများကို အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာများ၊ နည်းဗျူဟာများပါရှိသော ဒုတိယ အမျိုးသား (၅) နှစ်တာ စီမံချက် (၂ဝ၁၈-၂ဝ၂၂) ရေးဆွဲခြင်းကို သက်ဆိုင်ရာနိုင်ငံများ၊ ဝန်ကြီးဌာန များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စနစ်တကျ စီမံခန့်ခွဲ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အခြေခံကောင်းများ ရှိနေ သော်လည်း ကာလရှည် ပြည်တွင်း ပဋိပက္ခ များနှင့် သဟဇာတမရှိမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုများ မလုံလောက်သဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံသား (၂)သန်းကျော်သည် သွားရောက် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်လျက်ရှိနေကြကြောင်းကို ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရှိရကြောင်း ၊ ၎င်းတို့၏ မိသားစုလွှဲပို့ငွေ သည် ၂ဝ၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၉၅ သန်းခန့် ရှိပြီး ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ရှိနေကြောင်း ကို ကမ္ဘာ့ဘဏ်၏ ၂ဝ၁၇ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်ကို သိရှိရကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

အပြည်ပြည် ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ရွှေ့ပြောင်းသွားလာနေထိုင် လုပ်ကိုင်နေကြ သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့ခံစားနေကြရ သည့်အခြေအနေများ၊ ၎င်းတို့၏ အခွင့်အရေး များနှင့် လူမှု အကျိုးစီးပွား များကို ကာကွယ်မြှင့်တင် နိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့် မိတ်ဖက် အဖွဲ့အစည်း များ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအမံ များကို အများ ပြည်သူ သိရှိ စေနိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.