Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ငွေကျပ် ၂၂,၈၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီး ရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ ငွေကျပ် ၂၂,၈၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများ တားဆီးနိုမ်နင်းရေးဗဟိုကော်မတီ၏ ယနေ့ထုတ်ပြန်သော သတင်း အရ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆)မောင်တောမှ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ရေးရာအရာရှိချုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာမှ အရာရှိများပါဝင်သော အဖွဲ့နှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်၊ စည်ပင်သာယာဈေးကြီးအပေါ်ထပ်ရှိ ဆိုင်ခန်းအမှတ် —- သို့ ဝင်ရောက်ရှာဖွေရာ ဆိုင်ခန်းအတွင်းရှိ ဆာလာအိတ် ၃ အိတ်အတွင်း ခေါက်ဆွဲ ဂျပ်ဖာများဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂,၈၀၀ သိန်း)အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် အပေါ် မောင်တောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.