ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း၊ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တူမီးသေနတ်တစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးကိုက်မှုကြောင့် ၁၅ ဦး(ကျား ၁၀၊ မ ၅)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ယနေ့မှစ၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ၂၀၁၈ ခုနှစ် အတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် နိုင်ငံနှင့်အဝှမ်းတွင် ယနေ့ထိ သီးနှံမျိုးစုံဧက (၆) သိန်းကျော် ပျက်စီး ဆုံးရှုံးခဲ့ရပြီး မိုးစပါးသီးနှံ ဧက (၄) သိန်း နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရကြောင်း တောင်သူလယ်သမား အခွင့်အရေး...
ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက် အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ နှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်...
ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် မြန်မာနိုင်ငံသို့မြန်မာနိုင်ငံသား နှင့် နိုင်ငံခြား ခရီးသည်များ ဆိုက်ရောက်စဉ် နှင့် ပြည်လည် ထွက်ခွာစဉ် ခရီးသည်များက ရေးသွင်းပေးအပ်ရသည့် Arrival Card ယာဉ်ဆင်း...
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အလယ်ဘလောက်ရှိ City Star ဟိုတယ်တွင် ယနေ့မွန်းလွဲ ၃နာရီ မိနစ် ၂၀ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထံမှ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) နိုင်ငံ့ခြား ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံခန့်ရရှိနေပြီ ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍက အများဆုံးအဖြစ် ဦးဆောင်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့နံနက် ပြောကြားခဲ့သည်။