Connect with us

Social

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြစ်ကူးတံတားသစ်စီမံကိန်းမပြီးမချင်း ဇက်ကူးတို့ရေယာဉ်များ အခမဲ့ ပြေးဆွဲပေးသွားမည်

ဇာတ်ကူးတို့ရေယာဉ်များပြေးဆွဲနေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ကြိုးတံတား ကျိုးကျပျက်စီးခဲ့မှုကြောင့် ဒေသခံခရီးသွားပြည်သူများ၊ကုန်ကူးသန်းရောင်းဝယ်သွားလာမှု၊ လုပ်ငန်းအစဉ်ပြေချောမွေ့ စွာ သွားလာနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်တပ်မတော်ရေ မှ ဇက်ကူးတို့ရေယာဉ်များကို အဆိုပါမြောင်းမြ တံတားသစ်စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ် မတ်လ ကုန်ထိတိုင် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုမြောင်းမြ ကြိုးတံတားသည် ပြီးခဲ့သည့် ဧပြီလတွင် မြောင်းမြမြစ် အတွင်းပျက်ကျ ကျိုးပဲ့သွားခဲ့သဖြင့် ကူးတို့ရေယာဉ်များ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ (အခမဲ့) ပြေးဆွဲပေးခဲ့ရာ ဧပြီလ မှ ယခု နိုဝင်ဘာလကုန်ပိုင်း၏ ဇက်ကူးတို့စာရင်းများအရ အခေါက်ရေပေါင်း၂၀၂၀၁ခေါက် ၊ကားကြီးအစီးပေါင်း ၄၅၇၂၄စီး၊ကားလတ်အစီးပေါင်း၄၂၉စီး၊ကားလေးအစီးပေါင်း၄၅၀၀၀စီးကျော်၊ ဆိုင်ကယ်အစီးရေ သုံးသိန်းကျော် နှင့် ခရီးသည် ရှစ်သိန်း ကျော်အပြင် အခြားယာဉ်များကိုလည်း သယ်ယူ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံး(ရန်ကုန်)၏ စာရင်းဇယားများ အရသိရသည်။

ယခုအခါတွင်မြောင်းမြမြစ်ကူးတံတားသစ်တည်ဆောက်ရေးစီမံကိန်းသည် လုပ်ငန်း ပြီးစီးမှု ၇၀ရာခိုင်နှုန်း ကျော်လာပြီဖြစ်ရာ မတ်လကုန်ပိုင်းအပြီးတည်ဆောက်သွားရန်လျာထားကြောင်း ၊ယင်းအပေါ်မြောင်းမြမြစ်ကူးတံ တား အသစ်စီမံကိန်းမပြီးမချင်း ဇက်ကူးတို့ရေယာဉ် လမ်းကို ပို့ဆောင်ပြေးဆွဲသွား မည်ဖြစ်ကြောင်းကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.