Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အရေး၌ သြစတြေးလျနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးမှုများ ပေးအပ်သွားရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အရေး၌ သြစတြေးလျနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးမှုများ ပေးအပ်သွားရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Senator the Hon Marise Payneတို့က ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံရာတွင် မြန်မာနှင့် သြစတြေးလျ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်တိုးမြှင့်ရေး ဆောင်ရွက်သွားမည့်ကိစ္စ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ကူးပြောင်းရေး ဆောင်ရွက်မှုလုပ်ငန်းစဉ် ဖွံ့ဖြိုးရေးတို့တွင် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းနှင့် နည်းပညာများ ပံ့ပိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စတို့တွင် သြစတြေးလျနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးမှုများ ပေးအပ်သွားရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Senator the Hon Marise Payne အား ယနေ့ နေ့လည်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.