ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ယနေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားပတ်ဝန်းကျင်ဒေသများနှင့် ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော့ စသည့် မြို့နယ်သုံးခုမှ စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ ဆန်၊ စားသုံးဆီ၊ စောင် စသည့် ပစ္စည်းများနှင့်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ယခုနှစ် တွင် အယ်နီညိုဖြစ်နိုင်ခြေများလျက်ရှိပြီး အယ်နီညိုဖြစ်စဉ် နှင့် ပတ်သက်၍ သတိထားရမည့် အဆင့်တွင် ရှိနေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကိုပြောသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ယခုနှစ် (၂၀၁၇-၁၈)အတွက် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ဆု ချီးမြှင့်ပွဲကို နေပြည်တော် Royal ACE Hotel ဟိုတယ်တွင် ယနေ့ နံ့နက် ကျင်းပခဲ့ရာ အဆင့်မြင့်/ အခြေခံ ကျောင်းသူ ကျောင်း သားများအတွက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် ဖြစ်ပေါ်နိုင်သည့် ထူးခြားမိုးလေဝသ ဖြစ်စဉ် နှင့် ပတ်သက်၍ သတိပေးနှိုးဆော်ချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ယနေ့ ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ယခင်အပတ်က တင်သွင်း ဆွေးနွေးခဲ့သော ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးကို ကန့်ကွက်သူ မရှိသဖြင့် ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ထုမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ပြည်သူ့ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက ဗဟန်းမြို့နယ်ရှိ (ရွှေဂုံတိုင်)ယုဇနတာဝါ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ မ-၂၀(က)ရှိ ဂိုထောင်တစ်လုံးအတွင်းသို့ နိုဝင်ဘာ ၁၇ ရက် ည ၆နာရီကျော်က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟို ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။