Connect with us

Education & Health

တရုတ် – မြန်မာ ချစ်ကြည်ရေးအသင်းက ပညာသင်ဆုငွေ ကျပ် သန်းသုံးရာခန့် ထောက်ပံ့

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံရုံးမှ Minister Counsellor Ms. Li Xiao Yan အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ် (၂၀၁၇-၁၈)အတွက် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ဆု ချီးမြှင့်ပွဲကို နေပြည်တော် Royal ACE Hotel ဟိုတယ်တွင် ယနေ့ နံ့နက် ကျင်းပခဲ့ရာ အဆင့်မြင့်/ အခြေခံ ကျောင်းသူ ကျောင်း သားများအတွက် ငွေကျပ်သန်း ၃၀၀ နီးပါးခန့် (၂၉၅,၆၅၀,၀၀၀ ကျပ်တိတိ) ကို ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများအတွက် တရုတ် – မြန်မာ ချစ်ကြည်ရေး အသင်းက ပေးအပ်ခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ အသက်မွေး ဝမ်းကျောင်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“၂၀၁၆ သြဂုတ်လ၅ ရက်တွင် မြန်မာ ပေါက်ဖော် စကောလားရှစ် ပရောဂျက်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးရဲ့ ထောက်ပံ့မှုဖြင့် တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှု လျှော့ချရေး အဖွဲ့က ဦးဆောင် ခဲ့ပါတယ်၊ ပြည်နယ် လေးခု တိုင်းဒေသကြီး ခြောက်ခုတို့ရှိ အခြေခံပညာ ကျောင်းများသာမက တက္ကသိုလ် ကောလိပ်များရှိ ကျောင်းသူကျောင်းသားများ အတွက် ထူးချွန် ကျောင်းသားများအား ပညာသင်ဆုများ ထောက်ပံ့ခြင်း၊ ဆင်းရဲနွမ်းပါးသော ကျောင်းသားများအား ပညာရေး ထောက်ပံ့ကြေး ပေးခြင်း၊ ကျောင်းများအတွက် ခေတ်မီ သင်ကြားရေး အထောက်အကူ ပစ္စည်းများ ပံ့ပိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ အဆင့်မြင့်မှာ ရှိတဲ့ ထူးချွန် ကျောင်းသားတစ်ဦးကို တစ်နှစ်လျှင် ကျပ် သုံးသိန်းနှုန်းနဲ့ ပညာသင်စဆုံးထိ၊ နွမ်းပါးတဲ့ တက္ကသိုလ်ကျောင်းသား တစ်ဦးကို ကျပ် တစ်သိန်းခွဲ၊ အခြေခံပညာအဆင့် မှာလည်း အလားတူ နှုန်းတွေနဲ့ ထောက်ပံ့ပေးနေပါတယ်” ဟု အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ အသက်မွေး ဝမ်းကျောင်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ စကောလားရှစ် ပရောဂျက်တွင် ပါဝင်သော ကျောင်းများအား ဆုများ ပေးအပ်စဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းများ ကိုယ်စား ကျောင်းဆရာမ ဒေါ်စိုးစိုးလွင်က ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

ကျောင်းသူကျောင်းသားများက ပဒေသာ ကပွဲ တင်ဆက်ကပြကြစဉ် (ဆင်ဟွာ)

ကျောင်းသူကျောင်းသားများက ပဒေသာ ကပွဲ တင်ဆက်ကပြကြစဉ် (ဆင်ဟွာ)

ကျောင်းသူကျောင်းသားများက ပဒေသာ ကပွဲ တင်ဆက်ကပြကြစဉ် (ဆင်ဟွာ)

ကျောင်းသူကျောင်းသားများက ပဒေသာ ကပွဲ တင်ဆက်ကပြကြစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးစဉ် (ဆင်ဟွာ)

ယခုကဲ့သို့ ထောက်ပံ့ပေးသည့် အစီအစဉ်သည် ကျောင်းနေနှုန်းကို မြင့်မားစေပြီး ကျောင်းထွက်နှုန်းကို လျော့ကျသွားစေမှာ ဖြဖစ်သည့်အတွက် ပညာရေး၏ အနာဂတ်ပုံရိပ်ကောင်းများ ပေးထွက်လာမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ Minister Counsellor Ms. Li Xiao Yan က ၎င်း၏ အဖွင့် အမှာစကားတွင် “ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပညာရေး ဖွံ့ဖြိုးမှု နဲ့ လူ့ စွမ်းအား အရင်းအမြစ် တိုးတက်ရေးက အင်မတန် အရေးကြီးတဲ့ အခြေခံ အုတ်မြစ် ဖြစ်ပါတယ်၊ တရုတ်နိုင်ငံ အစိုးရနဲ့ တရုတ်သံရုံးဟာ မြန်မာနိုင်ငံအစိုးရနဲ့ ပညာရေး ဝန်ကြီး ဌာန တို့အကြား ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို ပိုမို နီးကပ်စွာ ဆက်လက် တိုးချဲ့ လုပ် ဆောင်သွားမှာဖြစ်ပါတယ်၊ တရုတ်နိုင်ငံသံရုံးအနေနဲ့ မြန်မာနိုင်ငံရှိ ကျောင်းသူ ကျောင်းသားများ အတွက် ပညာသင်ဆုနဲ့ တရုတ်နိုင်ငံသို့ သွားရောက် ပညာသင်ယူနိုင်တဲ့ ပညာရေးခွင့်အလမ်းတွေကို အတူတကွ ဆက်လက်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံပညာရေး ကဏ္ဍ တိုးတက်လာစေဖို့ ဆက်လက်ကူညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ဆု အစီအစဉ်၌ ပါဝင်သည့် ချစ်ကြည် ရေး ကျောင်းများမှ ကိုယ်စားလှယ် ၂၀ ဦး၊ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၄ ဦး — စုစုပေါင်း ၃၄ဦး တို့အား ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ဆုရ ကျောင်းသားများကိုယ်စား ကျောင်းဆရာမ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ကျောင်းသူ ကျောင်းသားများ ဦးရွှေရိုး + ဒေါ်မိုး အက အပါအဝင် အက ပဒေသာများဖြင့် ဖျော်ဖြေကပြခြင်း စသည့် အစီအစဉ်များလည်း ပါဝင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.