Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာတွင်အင်အား ၅.၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

- ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျောက်ထုမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ) တွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါ ငလျင်မှာ အနက် (၃၈)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲမှ တာဝန်ရှိသူ ဒေါ်ပပထွန်းက “ငလျင် က အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဖြစ်တယ်။ လူနေကျဲပါးတဲ့နေရာ မျိုးမှာလှုပ်တာလို့ယူဆရပါတယ်။ အခုထိတော့ ပျက်ဆီးဆုံးရှုံးမှုရှိတယ်ဆိုတဲ့သတင်းရောက်မလာသေးပါဘူး’’ ဟုဆင်ဟွာကိုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.