ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက်နေ့တွင် လာရောက် လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မန္တလေးမြို့)ကို မန္တလေးတက္ကသိုလ်အတွင်း၌ ယနေ့ နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် နောက်(၄၈)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၁ရက် (ဆင်ဟွာ) Myanmar Idol Season 3 တွင် နံပါတ် ၁၁ ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် Grand Final ပြိုင်ပွဲတွင် ကျန်းမာရေးအရ လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် နံပါတ် ၇ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်သည် Myanmar Idol Winner...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် နောက်(၇၂)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး သြဂုတ်လ ၃ ရက်နေ့ အထိ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့်ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် စီမံကိန်း ဆေင်ရွက်လျက် ရှိစဉ်ကာလအတွင်း အနီးတောင်ခြေကျေးရွာ အပါအဝင် ရွာငါးရွာတို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက...
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး ဆောင် ရွက် လျက် ၇ှိရာ နှစ်စဉ် ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိသည့်အပေါ်မူတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေ ကြောင်း၊...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။