Connect with us

Social

တောကောင်လေးတို့၏ ရင်တွင်းစကားသံပွဲတော်ကျင်းပ


ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တရားဝင်တားမြစ်လိုက်သည့် ဥပဒေထုတ်ပြန်ခြင်းအား ကြိုဆိုသည့် အနေဖြင့် ယနေ့ညနေ ၄ နာရီမှ ည ၁၀နာရီအထိ တောကောင်လေးတို့၏ရင်တွင်းစကားသံပွဲတော်အား မဟာဗန္ဓုလပန်းခြံတွင် ဝင်ကြေးအခမဲ့ ဂီတဖျော်ဖြေပွဲတစ်ခု အဖြစ်ကျင်းပပြုလုပ်လျက်ရှိသည်။

ဂီတဖျော်ဖြေပွဲ၏ အမည်သည် တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ ( Voices For Wildlife Festival ) ဖြစ်ကြောင်း သိရသည်။ဂီတဖျော်ဖြေပွဲတွင်ရှပ်ရှင်သရုပ်ဆောင်များ၊နာမည်ကြီးအဆိုတော်များဖြစ်ကြသော မယ်လိုဒီ ၊ ချမ်းချမ်း၊ နောနော် ၊ ကောင်းကောင်း ၊ ကျော်သီဟ ၊ နီနီခင်ဇော် ၊ ပန်းရောင်ခြယ် ၊ ခြူးစစ်ဟန် ၊ Leo ၊ Mark Jason ၊ Mee No ၊ ချာလီ ၊ DJ.Mas ၊ DJ.Mike Haider ၊ အင်္ဂလန်စိန် ၊ Dancer Phyo Wai Wai Ko Ko ၊ Revolution Dance အဖွဲ့နှင့် ဇွဲပြည့်တို့က တက်ရောက်ဖျော်ဖြေကြကြောင်းသိရသည်။

တောကောင်လေးတို့၏ ရင်တွင်းစကားသံပွဲတော်တွင်လာရောက်ကြည့်ရှုသည့်ပြည်သူများ နှင့် အဆိုတော်များဖျော်ဖြေနေပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် မြန်မာနိုင်ငံတွင်ဆင်များအသတ်ခံရခြင်းနှင့်ပတ်သက်၍ မိုမိုတို့ရဲ့ ရင်တွင်းစကားသံ ကမ်ပိန်းတွင် လူငယ်ဂရပ်ဖက်တီပညာရှင်ဖြစ်သည့် ကိုအာကာကျော် ၏ အနုပညာဖန်တီးမှုများထဲမှ တစ်ခုဖြစ်သည့် မိုမိုစက္ကူဆင်ရုပ်ကြီး မှာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)