ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ မင်းသာကျေးရွာ အထွက်၌ တည်ရှိသော နန့်တီဆင်းတံတားသည် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ်းကပ်ခုံ၊ ရေကာနံရံနှင့် ချဉ်းကပ်လမ်း (၇)ပေခန့် ရေတိုက်စားခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ရေဘေး အန္တရာယ် ကျရောက်နေသော ပြည်သူများအတွက် ပြည်သူ့လွှတ်တော်က ကျပ်ငွေ သိန်း နှစ်ရာ လှူဒါန်းရန် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်း...
ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက် မြို့နယ် ၊ မော်ကူး ကျေးရွာ မြောက်ဘက်(၁)မိုင်(၄)ဖာလုံခန့်အကွာနေရာ၌ တရားမဝင် ကျွန်းသစ် စုစုပေါင်း (၁၅၉)လုံး (၃၆.၅၅၀၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီး ဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မက်ကသန် ကျေးရွာ အနီးတွင် သြဂုတ် ၁ ရက် မွန်းလွဲပိုင်း အချိန် တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက်နေ့တွင် တရားမဝင် မီးသွေးဖိုများ ဖမ်းဆီးခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ သြဂုတ် ၁ ရက် ဆင်ဟွာ လပေါင်း သုံးဆယ်ပြည့်မြောက်သွားပြီ ဖြစ်သည့် ပြည်ထောင် စု လွှတ်တော် နာယက တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းထံမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထဲသို့လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားအား ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် သံလွင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြိုင်ကလေး ကျေးရွာကြားရှိ ကားလမ်း ရေကျော်မှု ဖြစ်ပေါ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံ အစိုးရ၏ ကာလတို ရည်မှန်းချက်အရ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၉၈၀၀ ခန့်တို့ကို မီးပေး နိုင်မည်ဟု မျျှော်မှန်းထားကြောင်း...
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့၊ သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့ တို့တွင် စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနေကြောင်း၊ သို့ဖြစ်၍ မဒေါက်မြို့ နှင့် ဘားအံမြို့တို့တွင် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်ကြသူများ အနေဖြင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန် မိုးလေဝသ...