Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး

ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး ၊ မအူပင်-ရေလဲ ကားလမ်း မိုင်တိုင် (၇/၃-၄)ကြား၌ ခရီးသည်တင် ယာဉ်တစ်စီးသည် အောက်တိုဘာ ၂၃ ရက်တွင် မိုးရွာသွန်းမှုကြောင့် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

မအူပင်မြို့ဘက်မှ ရေလဲကျေးရွာဘက်သို့ မောင်းနှင်လာသည့် 3P/×××× Hyundai အောင်သုခ ခရီးသည် တင်ယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ရှိ ကုက္ကိုပင်အား ဝင်ရောက် တိုက်မိ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၃၀ ဦး အနက် ၃ ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံး သွားခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ယာဉ်မောင်း ဖြစ်သူမှာ ထွက်ပြေး သွားကြောင်း သိရသည်။

ထိုကြောင့် သေဆုံး/ဒဏ်ရာရရှိသူများအား မအူပင်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ပြီး ယာဉ်မောင်း ဖြစ်သူအား မအူပင်မြို့မရဲစခန်း ယာဉ်(ပ) ၁၇၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၀၂ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ပြင်းထန်/ သာမန်နာကျင်စေမှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စုံစမ်း လျက်ရှိကြောင်း သိရသည်။(Xinhua)