Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၉၀ ကျော် ပြိုလဲ ပျက်စီး

ပဲခူးတိုင်းဒေသကြီး က၀မြို့ နယ် အတွင်း နေအိမ်များ ပြိုလဲ ပျက်စီးမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်များကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၆၃၄ လုံး အမိုးလန်၊ နေအိမ် ၁၉၄ လုံး ပြိုလဲပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ထိုဖြစ်စဉ်သည် အောက်တိုဘာလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့ပြီး ကဝမြို့နယ်အတွင်း မိုးဂနိမ်း(ကရင်)ကျေးရွာပါ ၂၃ ရွာနှင့် သက္ကလမြို့၊ အောင်မင်္ဂလာ ရပ်ကွက်တို့၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့နယ် အတွင်း အောက်တိုဘာ ၂၂ ရက်တွင် လေပြင်း တိုက်ခတ် မှု ကြောင့် ချောင်းဖျားကျေးရွာပါ ၃ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၂ လုံး အမိုးလန် ၊ နေအိမ် ၉ လုံး၊ အုတ်တံတိုင်း ၁ ခု (အလျား ၃၁၅ ပေ၊ အနံ ၁၀ ပေ)ပြိုလဲပျက်စီးဆုံးရှုံးခဲ့ပြီး မအူပင် မြို့နယ် အတွင်း မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျွန်းဖျားကျေးရွာပါ ၃ ရွာတို့၌ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး အမိုးလန်၊ နေအိမ် ၃ လုံး ပြိုလဲ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)