ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းရပ်များနှင့် အညီ လွတ်လပ်သော အဖွဲ့အစည်း တစ်ရပ်အနေဖြင့် ဆောင်ရွက်စေလိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းအတွင်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသူလူနှစ်ဦး မျောပါခဲ့ရာမှ တစ်ဦးပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အာဆီယံ ဘောလုံးအဖွဲ့ချုပ် (Asia Football Federation) ကောင်စီအစည်းအဝေးသို့ Asia Football Federation (AFF) ဒုတိယ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့်အဖွဲ့ တက်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ဖိတ်ကြားချက် အရ မကြာမီကာလအတွင်း နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ(၃)၌ အမျိုးသား ၁ ဦးမှ ငွေများလုယူမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရွှေကျင်မြစ်ရေသည် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကို YCDC ကိုလွှဲအပ်ပြီးအဆင့်မြှင့်တင်ရေး၊ YGNကားလိုင်စင်ပြန်ပေးနိုင်ရေးစီစဉ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆောင်ရွက်မှုများကို မီဒီယာများအားရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်း တောင်ညို ချောင်းရေမြင့်တက်မှုကြောင့် တာပွန်မြို့ တာကျိုးနှင့်သူဌေးကုန်းကျေးရွာကြားရှိ တောင်ညိုချောင်း ဘောင် အလျား ၃၅ ပေ၊အမြင့် ၈ ပေခန့် ရေတိုက်စားပျက်စီးခဲ့ရာ အလယ်ပိုင်းရပ်ကွက်ပါ ၃ ခုတို့၌ ရေအနက် ၁/၂ ပေခန့် ဝင်ရောက်နေသဖြင့်...
ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ကျွန်းသစ် ၁.၁၄၀၈ တန်နှင့် ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။