Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မိုင်းတုံမြို့တွင် သိန်း ၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူ ကျေးရွာ၊ ရပ်ကွက်(၄)တွင် အောက်တိုဘာ ၇ ရက်၌ သိန်း ၃၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ BP-1 နယ်စပ်အနီး၊ (ဝ)ဂိတ်တွင် ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသဖြင့် ပုံပါကျင် နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသူများ၏ ဖော် ထုတ်ချက်အရ မူးယစ်ဆေးဝါးပို့ဆောင်ပေးသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွရူးသွပ် ဆေးပြားနှင့် ဘိန်းဖြူများ ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆက်အရ သက်သေများနှင့်အတူ မိုင်းတုံ မြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူ ကျေးရွာ၊ ရပ်ကွက်(၄)ရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၂၅,၈၀၀ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅၈ သိန်း)နှင့် ဘိန်းဖြူ ၃၄၀ ဂရမ် (ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၄.၄ သိန်း)နှင့် နေအိမ်ခြံဝင်းအတွင်းမှ ဆိုင်ကယ် ၁ စီးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ ကွင်းဆက်ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.