Connect with us

Politics, Law & Military

လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ထုတ်လွှင့်မည်

လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ အဖွဲ့ဝင်များအားတွေ့ရစဉ် (MOI)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော လွတ်လပ်သော စုံစမ်းရေးကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို အောက်တိုဘာလ (၁၂) ရက်နေ့တွင် စတင်ထုတ်လွှင့်မည်ဖြစ်ကြောင်း လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွတ်လပ်သော စုံစမ်းရေးကော်မရှင် တတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၅ ရက်မှ ၇ ရက် နေ့အထိ မြန်မာနိုင်ငံတွင် ကျင်းပခဲ့ပြီး ကော်မရှင်အဖွဲ့သည် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် (မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင် ၂၀၁၆) ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဗိုလ်ချုပ်ထွန်းထွန်းညီတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် ဦးထွန်းမြတ်နှင့် လုပ်ငန်းသဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် လုပ်ငန်းသဘောအရ ဆက်နွှယ်နေသော မောင်တောစုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၆ ၏ အတွေ့အကြုံနှင့် လုပ်ငန်းများကို သိရှိခဲ့ကြောင်း၊ တပ်မတော်နှင့် မောင်တော စုံစမ်းစစ်ဆေးရေးကော်မရှင် ၂၀၁၆ တို့က လုပ်ဆောင် ခဲ့သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာနှင့် သတင်းအချက်အလက် အသေးစိတ်မျှဝေရာတွင် ရိုးသား ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် တို့ကို ကော်မရှင်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစပြီး အစိုးရ၏ဆောင်ရွက်ချက်များအပေါ် ကော်မရှင်သည် တာဝန်ရှိသူများနှင့် ရင်းနှီး ပွင့်လင်း စွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် လျာထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.