ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက် လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) ချောက်ရေနံမြေမှ ယခင်ကတစ်ရက်လျှင် ရေနံစိမ်းစည် ၁ဝ၃ဝ ခန့်ထွက်ရှိပြီး ယခုနှစ် မေလ အတွင်း တစ်ရက် လျှင် ရေနံစိမ်းစည် ၁၆ဝ ခန့် တိုးတက်ထုတ်လုပ်နိုင်မှုကြောင့် ယခုအခါ ချောက်ရေနံမြေမှ နေ့စဉ် ရေနံစိမ်းစည် ၁၁၉ဝ ခန့် ထုတ်လုပ်လျက်...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်၊ နမ့်စန်မြို့နယ်၌ ငွေကျပ် သိန်း ပေါင်း ၉,၆၃၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၆၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၁၈ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အား ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးမှ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။
နေပြည်တော်၊ မေလ ၂၅ ရက် (ဆင်ဟွာ) ပုဂ္ဂလိက မီဒီယာများ တောင်းဆိုနေသည့် သတင်းအချက်အလက်များ ပိုမို ရရှိရေးနှင့် လွတ်လပ်စွာ ရေးသားခွင့်များကို ပြန်ကြားရေးဝန်ကြီးဌာနကအားပေးရန်အဆင်သင့် ရှိနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။ “စာနယ်ဇင်းများ၊ ဆိုရှယ် မီဒီယာများမှာ ဘယ်အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသား...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အော်တိုတယ်လီဖုန်းလိုင်းနှင့် မိုဘိုင်းတယ်လီဖုန်းလိုင်းများ အကြား သက်သာသော ခေါ်ဆိုနှုန်းထားများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မှ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော် က ပြောသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ online e-visaစနစ်ဖြင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်ထွက်ခွင့်ပြုခဲ့ရာ နှစ်နှစ်တာကာလအတွင်း လူခြောက်သိန်းကျော် ပြည်ဝင်ခွင့်ပြုခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၆သန်းကျော် ကောက်ခံရရှိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်းလင်းတင်ပြချက်အရ...