ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂ဝ၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်းပေါင်း ၁၆၉၈ဝ ထုတ်ချေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ အဲကွန်း တပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်ကို မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာဦးတင်ထွန်းထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် မေလ(၂၁ မှ ၂၅)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်း ကောင်း၊ မေလ (၂၆ မှ ၃၁)ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့လည်းကောင်း ဝင်ရောက် နိုင်ပြီး၊ မေလ တတိယ(၁၀)ရက်ပတ် တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ...
နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဥပဒေကြမ်း သုံးခု၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ခန့်အပ်ခြင်း နှစ်ခုတို့ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် တို့ ၏ မေလ တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှုန်းးထားကို နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း နှစ်ဆမှ ငါးဆအထိ တိုးမြှင့်နိုင်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ တစ်နှစ်တာ ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက် နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ တန် ၄သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့၌ မေ ၁၅ရက်နေ့က ကျပ် ၁၀,၀၀၀တန်အတုများနှင့် အတူ ဖမ်းမိသော တရားခံများအား စစ်ဆေးရာတွင် ကျပ် ၁၀,၀၀၀တန်အတုနှင့် တရားခံတစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကန့်ဘလူမြို့နယ် ကင်းတပ်-ရွှေဘို မူးဘောင်လမ်း မိုင်တိုင်(၂၇/၂၈)ကြား၌ မေ ၁၆ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်တွင် အုတ်သယ်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။