ရန်ကုန်၊မတ် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမှတ်-၄ နယ်မြေရဲစခန်း ရှေ့တွင် လူစုလူဝေးဖြစ်ပေါ်မှုတွင် ပါဝင်ပတ်သက်သူ ၁၁ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉ အာရှဖလား၊ တတိယအဆင့် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် လာမည့် မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂း၃၀ အချိန်တွင် ကာဂျစ္စတန်အသင်းနှင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပဒဲကြောကျေးရွာအနီးဝန်းကျင်နှင့် ဟင်းရွက်ချောင်းအတွင်းမှ တရားမဝင် သင်ပုန်း/သစ်ပုတ်/နဘဲခွဲသား သစ်(၄၅၁)ချောင်း တန်အားဖြင့်(၁၆.၄၄၃၄)တန် နှင့်စက်လှေ(၁)စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက် ဆည်မြို့နယ်နှင့် တံတားဦး မြို့နယ် တို့မှ နွေစပါးစိုက်ဧက ကိုးသောင်း ကျော် အတွက် စိုက်ပျိုးရေများကို ကင်းတားဆည်မှ ပေးဝေ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အာဆီယံဥက္ကဋ္ဌများ အစည်းအဝေးတွင် 4+1 စနစ်ပြင်ဆင်ရေးနှင့် လူငယ်ဖွံဖြိုးရေးတွင် ဘက်ဂျက်ပိုမိုသုံးစွဲရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌဦးဇော်ဇော် အဆိုပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) အာရှဒေသမြို့ကြီးများအနက် လက်ရှိမိုးလေဝသခြေအနေ ခန့်မှန်းချက်တွင် နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အပူချိန်အမြင့်ဆုံးမြို့ကြီးများအဖြစ်စံချိန်တင်လျက်ရှိသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာ သမိုင်းအဖွဲ့သာမက သမိုင်း သုတေသနအဖွဲ့အနေဖြင့် သမိုင်း ဆိုင်ရာ အထောက်အထားများ ပြုစုရေးသားရာတွင် ဖြစ်ရပ်မချန်၊ ဖြစ်ရပ်မှန်၊ ဖြစ်ရပ်မကျန်၊ ဖြစ်ရပ် မမှားရေးသားရန် လိုအပ်ကြောင်း မြန်မာသမိုင်း အဖွဲ့ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက...
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားသို့ အိန္ဒိယနိုင်ငံ RITES Ltd. မှ YDM – 4 ဒီဇယ်လျှပ်စစ်စက်ခေါင်း (၁၈)ခေါင်းကို မတ် ၁၉ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ချင်းပြည်နယ် အတွင်းရှိ တီးတိန်မြို့၊ မတူပီမြို့နှင့် ပလက်ဝမြို့တို့ကို ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် စီစဉ် နေကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြန်လည်လက်ခံရေးစခန်းများတွင် လူမှားခြင်း၊ လူထပ်ခြင်း၊ အကြမ်းဖက်သမားများနှင့် အခြားသူများပါလာခြင်းများ လုံးဝမရှိအောင်စနစ်တကျစီစဉ် ဆောင်ရွက်ထားကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။