Connect with us

Science & Technology

ကျေးလက်ဒေသရှိ အိမ်ထောင်စု လေးသောင်းကျော် ဆိုလာစွမ်းအင်သုံးစွဲနိုင်ရန် ရင်းနှီးမြှုပ်နှံမှုထပ်မံ တိုးမြှင့်

ဆိုလာစနစ် တပ်ဆင်အသုံးပြုနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာကျေးလက်ဒေသမှ အိမ်ထောင်စု ၄၀၀၀၀ကျော် ဆိုလာစွမ်းအင်သုံးစွဲနိုင်ရန်အတွက် SolarHome ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂သန်း ထပ်မံတိုးမြှင့်လိုက်ကြောင်း အဆိုပါ ဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အရှေ့တောင်အာရှရှိ လျှပ်စစ်မီးမရရှိသေးသည့် အိမ်ထောင်စုများအတွက် ရေရှည်အကျိုး ပြု “Pay As You Go” (သင့်သလောက်ပေး၍ အပိုင်ဝယ်ယူခြင်း) ငွေပေးချေမှုပုံစံကို စတင်မိတ်ဆက်လိုက်သည့် SolarHome ကုမ္ပဏီတွင် သန့်ရှင်းပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နယ်ပယ်တွင် အထူးရင်းနှီးမြှပ်နှံမှုများပြုလုပ်လေ့ရှိသည့် စင်ကာပူအခြေစိုက် TRIREC မှ ဒုတိယ အကြိမ်ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၂သန်း ထပ်မံတိုးမြှင့် ရင်းနှီးမြှပ်နှံလိုက်ကြောင်း သိရသည်။ပြည်တွင်း၌ လွန်ခဲ့သည့် တစ်နှစ်ခန့်က အိမ်ထောင်စု ၂၅၀ခန့်ကို စတင်စမ်းသပ်ဝန်ဆောင်မှုပေးခဲ့သော SolarHome သည် ယခုချိန်တွင် ရုံးခွဲ ၁၄ရုံး ဖွင့်လှစ်ပြီး အိမ်ထောင်စု ၁၁၀၀၀ကျော်ကို လျှပ်စစ်မီးပံ့ပိုးပေးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117