Connect with us

Environment, Disasters & Accidents

မန္တလေး-ပုဂံ အစုန်ရထား စက်ခေါင်းတွဲချော်မှုဖြစ်ပွားသော်လည်း ခရီးသည်တွဲများ ထိခိုက်မှုမရှိ

ရထားစက်ခေါင်းတွဲ တွဲချော်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

မန္တလေး-ပုဂံ အစုန်ရထား စက်ခေါင်းတွဲချော်မှု ဖြစ်ပွားခဲ့သော်လည်း ခရီးသည်တွဲများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘူတာကြီးမှ ဇွန် ၇ ရက် ည ၈ နာရီ ၁၅ မိနစ်က ပုဂံသို့ ထွက်ခွာသော မန္တလေး-ပုဂံ အမှတ် ၁၂ဝ အစုန်ရထားသည် ပလင်းဘူတာနှင့် သစ်ထောက် ဘူတာကြား(ရထားမိုင် ၃၉၉/၂၄ နှင့် ၄ဝဝ/၂ အကြား)၌ ဇွန် ၈ ရက် နံနက် ၃ နာရီခွဲခန့်က ရထားစက်ခေါင်းတွဲချော်တိမ်းစောင်းခဲ့ခြင်းဖြစ်သည်။

ရထားစက်ခေါင်း တွဲချော်တိမ်းစောင်းသွားခဲ့သော်လည်း ခရီးသည်တွဲများ အန္တရာယ်ကင်းပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း၊ ခရီးသည်များအား မီးရထားဌာန ဝန်ထမ်းများက ကျောင်းပို့၊ ကြိုယာဉ်ဖြင့် ပုဂံသို့ပို့ဆောင် ပေးခဲ့ကြောင်း၊ ဖြစ်စဉ်ကြောင့် အနည်းငယ်ကွေးသွားသော ရထားသံလမ်း လေးချောင်း လဲလှယ်ခဲ့ပြီး ကရိန်းရထားဖြင့် စက်ခေါင်း မ တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.