Connect with us

Science & Technology

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ စကာၤပူသို့ပျံသန်းစဉ် လျင်မြန်စွာဆင်းသက်ခဲ့ရမှုအတွက် ခရီးသည်များအားတောင်းပန်

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးစဉ်အမှတ် UB001 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းစဉ် အမြင့်ပေ ၃၇,၀၀၀ တွင် ပျံသန်းနေရာမှ အမြင့်ပေ ၂၅,၀၀၀ သို့လျင်မြန်စွာဆင်းသက်ခဲ့ရမှုဖြစ်စဉ်တွင် ခရီးသည်များကိုလည်းစိုးရိမ်မှု ကို ဖြစ်စေသဖြင့် MNA မှအနူးအညွတ်တောင်းပန်အပ်ကြောင်း သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇွန်လ ၇ ရက်နေ့ တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်အမှတ် UB001 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည်၁၃၄ ဦးတင်ဆောင်ကာနံနက်ဝရး၁၈နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းခဲ့ကြောင်း သိရသည်။

အမြင့်ပေ ၃၇,၀၀၀ အထိတက်ရောက်ခဲ့ပြီး လမ်းခရီးရာသီဥတုမှာတိမ်ထူထပ်လျှက်ရှိကြောင်း၊ ပျံသန်းချိန်မိနစ် ၅၀ ခန့်အကြာမြိတ်မြို့အနောက်ဘက်မိုင်၃၀ ခန့်အကွာတွင် severe icing ( ပြင်းထန်သော ရေခဲခြင်း) ဖြစ်ကာ air speed လျင်မြန်စွာ ကျဆင်းခဲ့ကြောင်း၊ ထိုအချိန်တွင်လေယာဉ်၏ ကွန်ပျူတာစနစ်မှ မှ air speed low သတိပေးစနစ် နှင့် stick shakerသတိပေးစနစ် များပေးခဲ့ရာအမြင့်ပေ ၃၇,၀၀၀ တွင်ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိသဖြင့် auto pilot ဖြုတ်ကာ ပေ ၂၅,၀၀၀ သို့ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ထို ကဲ့သို့ လျင်မြန်စွာ ဆင်းသက်ရခြင်းကို သက်ဆိုင်ရာ လေကြောင်းထိန်းသို့သတင်းပို့ခဲ့ကြောင်းအမြင့်ပေ ၂၅၀၀၀ အရောက်တွင် လေယာဉ်အားပြန်လည် ထိန်းချုပ်နိုင်ခဲ့သဖြင့် လေကြောင်းထိန်းဌာနသို့သတင်းပို့ပြီး စင်ကာပူသို့ဆက်လက်ထွက်ခွာခဲ့ရာ စင်ကာပူလေဆိပ်သို့ စင်ကာပူစံတော်ချိန်နံနက် ၁၁း၄၀ နာရီ အချိန်တွင်ချောမောစွာရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးမှ မှန်ကန်စွာဆုံးဖြတ်နိုင်ခဲ့သဖြင့် လေယာဉ်နှင့်လူ တစ်စုံတစ်ခုမျှ ထိခိုက်မှု မရှိခဲ့ခြင်းအတွက် လုံခြုံရေး ကို ဦးစားပေးလုပ်ဆောင်ခဲ့သော လေယာဉ်မှူး ဦးမျိုးနောင်ဝင်းတွဲဘက် လေယာဉ်မှူး ဦးရဲပြည့်ခိုင် နှင့် လေယာဉ်မောင်မယ် အဖွဲ့အား မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း၊ ထို့ပြင် စီးနင်းလိုက်ပါသော ခရီးသည်များကိုလည်းစိုးရိမ်မှု ကို ဖြစ်စေသဖြင့် MNA မှအနူးအညွတ်တောင်းပန်အပ် ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117