ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းပေါ်ရှိ ရသေ့တောင်ချောင်းကို ဖြတ်ကျော်တည်ဆောက် ထားသည့် ရသေ့တောင် တံတား တည်ဆောက်မှုမှာ ၉၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ယခုမတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာတောင်ပိုင်းနှင့် မော်လ်ဒိုက်-ကိုမိုရင်ဒေသတို့တွင် ဖြစ် ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) တိုင်းရင်းသား လူမျိုးစု များ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေး ပွဲတော် နှင့် ဈေးရောင်း ပွဲတော်ကို မတ် ၂၁ ရက်မှ ၂၅ ရက် အထိ တောင်ကြီးမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ...
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ-သြစတြေးလျ အထူး ထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ မကြာမီကာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်မြို့နယ်၌ မိုးသက် လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မိုင်းကိုး ကျေးရွာ အုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်(၇၆)လုံးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်း အမိုးလန် ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ...
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ် (၁၄၃/၇) အနီးတွင် ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ချင်းတွင်း မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်(၃)ခုတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ဝန်ဆောင်မှု လုပ်ငန်း များကို ဧပြီလ(၁)ရက်နေ့မှ မေလအထိ ကွင်းဆင်းသုတေသနပြုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၂၀.၁၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၉၄) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန...