ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ၈၄၄,၃၅၈ ဦးရှိပြီး မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၇၈၉,၈၈၃ ဦး၊ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၉,ဝ၇ဝ နှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၈,၅ဝ၄ ဦးရှိသည့်အတွက် ဘာသာရပ် တစ်ခုဖြေဆိုပြီးတိုင်း ဖြေဆိုသူလျော့နည်းလာပြီး...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပုံတောင်ဂျီးယားမျိုးစုပရိုင်းမိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် ပေါက်ခေါင်းကျေးရွာအနီး ကြာကန်ကျစ်ချောင်နှင့် သန်းဥတောကျစ်ချောင်တို့မှ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ် ဒုဋ္ဌဝတီတံတားမှ မိုင် ၄၀ ခန့်အကွာအဝေးတွင်မတ်လ ၉ ရက်မွန်းလွဲပိုင်းက မင်းမင်းဦးဇာတ်အဖွဲ့ကား တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ယင်း ယာဉ်တိမ်းမှောက်မှုကြောင့်...
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်၌ သံကြိုးဖြင့် ချည်နှောင်ထားသော ဆင်တစ်ကောင်က အစွယ်ဖြင့် ထိုးခဲ့သောကြောင့် လူ ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေပြည်တော်၊ မတ်လ ၉ ရက် (ဆင်ဟွာ) မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးအတွက် လေ့လာမှု လုပ်ငန်းများဆောင်ရွက်သွားရန် ယနေ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်းအဆိုပါ သုံးနိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၂,ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ များတွင် ဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှု များကြောင့် သေဆုံးသူ ဦးရေ ၂၀ ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အပျော်တမ်းဘောလုံးလိဂ်ပြိုင်ပွဲများ ယခုနှစ်အတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူခဲ့သည့်နေ့မှ ဖြေရှင်းဆောင်ရွက်ပြီးအမှုတွဲပေါင်း ၁၂၄၁ ခု၊ ကျန်အမှုတွဲပေါင်း ၉၉၆ ခုနှင့် တစ်လလျှင် ပျမ်းမျှ အစောင်ရေ(၁၀၀)ရှိပါကြောင်း၊ ပြည်သူများ၏ တိုင်ကြားစာများအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအား အရေးယူဆောင်ရွက်ခဲ့သည့် အရေအတွက်မှာ (၇)ခု ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး...
နေပြည်တော်၊ မတ်လ ၈ ရက် (ဆင်ဟွာ) ခေတ်သစ်မြန်မာ့သမိုင်းတွင် တက်ကြွစွာ ပါဝင် ကြိုးပမ်းခဲ့သော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု ကို အတုယူကာ မိမိတို့ ဘဝလုံခြုံမှု ရှိရေးနှင့် စွမ်းရည် မြင့်မားရေးကို ဦးတည်ကြိုးပမ်း အားထုတ်ကြ ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့...