Connect with us

Social

ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများအား နစ်နာကြေး ပေးအပ်

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့  အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သား ၂၀ ဦးတို့အတွက် နစ်နာကြေး များပေးအပ်ပွဲကို နေပြည်တော် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက “အလုပ်သမားများစေလွှတ်တဲ့ Star Pioneer ကုမ္မဏီကလည်း သေဆုံးသူ အလုပ်သမားတစ်ဦး အတွက် ကျပ်ငွေ ၁၀သိန်းစီ၊ Migrant Workers Right Network အပါအဝင်ပေါ့၊ အနှိုင်းမဲ့ နာရေး ကူညီမှုအသင်း၊ မဟာဂရုဏာ စာကြည့်တိုက် တို့ကလည်း တစ်ဦး ချင်းစီကို ငွေကျပ် ၆၉၀၀၀ စီလောက် ပေးအပ်ခဲ့တယ်လို့ သိရှိရတဲ့အတွက် အဲ့ဒီအဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူး တင်ပါတယ်၊ သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အလုပ်သမားများအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ စုစုပေါင်းငွေကျပ် ၈၈,၁၅၀၀၀ (ရှစ်ဆယ်ရှစ်သိန်း တစ် သောင်း ငါးထောင်တိတိ)ကို အထောက်အကူ အဖြစ် ပေးအပ်သွားမှာဖြစ်ပါတယ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ငွေကျပ် ၆၃ သိန်းတိတိကို ပေးအပ်သွား မှာဖြစ်ပါတယ်၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်းများ အဖွဲ့ချုပ်ကလည်း ငွေကျပ်သိန်း ၈၀ ကိုပေးအပ်သွားမှာဖြစ်ပါတယ်”ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ကျန်ရစ်သူ မိသားစုများအား ပြည်ထောင်စု ဝန်ကြီးက နစ်နာကြေး ပေးအပ်နေစဉ် (ဆင်ဟွာ)

သေဆုံးသူတို့၏ မိသားစုခံစားချက်မှာ အနှိုင်းမဲ့ဖြစ်ပြီး မည်သည့်အရာနှင့်မျှ အစားထိုး၍မရပါကြောင်း၊ မိမိတို့၏ ကူညီထောက်ပံံ့ပေးတဲ့ငွေကြေး အနည်းငယ်မျှကို ရင်ထဲက စေတနာကို ထင်ဟပ်ပြီး လက်ခံပေးစေလိုကြောင်း၊ စေတနာရှိသော်လည်း မိမိတို့ နိုင်သည့် အတိုင်အတာအရ ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသော လုပ်သားများအားလည်း သက်သာပျောက်ကင်း သည်အထိ ဆေးကုသမှု ခံယူနိုင်အောင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်း ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများအတွက် အတတ်နိုင်ဆုံး အဆင်ပြေ ချောမွေ့အောင် သက်ဆိုင်ရာကုမ္ပဏီများရော၊ သက်ဆိုင်ရာအဖွဲ့အစည်းများရော နှစ်နိုင်ငံ အဖွဲ့အစည်း များပါ ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထို့အတူ နောင် အလုပ်သမားများ ခေါ်ယူရာ တွင် လည်း လုံခြုံမှုရှိသောမော်တော်ယာဉ်များ အသုံးပြုနိုင်ဖို့နှင့် မလိုလာအပ်သော အဖြစ်များ မဖြစ်အောင် ဆက်လက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံရှိ Stars Pioneer Co.,Ltd. ၏ အစီအစဉ်ဖြင့် မြန်မာ လုပ်သားများ ထိုင်းနိုင်ငံ Tomy (Thailand) Company လုပ်ငန်းခွင်သို့ ၂၀၁၈ မတ်လ ၃၀ ရက်နေ့ ၌ သွားရောက်ရာတွင် မဲဆောက်မြို့အလွန် တောင်ပေါ်မှ အဆင်းလမ်း၌ မော်တော်ယာဉ် မီးလောင်ကျွမ်းခဲ့သဖြင့် ယာဉ်ပေါ်ပါ အလုပ်သမား ၂၀ ဦး မီးလောင် သေဆုံးခဲ့ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ယခုကဲ့သို့ နစ်နာကြေးများ ပေးအပ်ခြင်း၊ နောင် မဖြစ်စေရန် စီစဉ်ခြင်းများအား ဝန်ကြီးဌာနက ပြုလုပ်ခြင်း ဖြစ်သည်။ (Xinhua)