ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေတောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄)နာရီ အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ မိုင်းယောင်းမြို့နယ် ၊ မုန်းလိုက်ကျေးရွာအုပ်စု ၊ မုန်းလိုက် ရှေ့တန်းတပ် စခန်းအနီးရှိ တံတားတွင် နိုဝင်ဘာ ၁၅ ရက်၊ ည ၈ နာရီခန့်က ငွေကျပ်သိန်း(၆ဝဝ)ခန့် တန်ဖိုးရှိ ဆိုင်ရာနိုက်(Cyanide) ဓါတုပစ္စည်း...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်- စစ်တွေကားလမ်း၌ တပ်မတော်ထောက်ပံ့ရေး မော်တော်ယာဉ် ၃ စီး ဖြတ်သန်းလာစဉ် ရန်ကုန်- စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၈၄/၄အနီးအရောက်တွင် မိုင်းသုံးလုံးပေါက်ကွဲခံခဲ့ရကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အခွန်ကောက်ခံရရှိငွေသည် သုံးနှစ်တာအတွင်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစောသန်းထွဋ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ရထားတွဲဟောင်း(၄)တွဲ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူများအား အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ဝမှ ဟုမ္မလင်းမိုင် ၃၈၀ ရေလမ်းခရီးအတွင်း ရေပေါ်ပြအမှတ် အသား ၁၅၀ နှင့် ကမ်းပေါ်ပြ အမှတ် အသား ၃၄၀ တို့ကို ရေအရင်းအမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ (၆) မုံရွာမြို့ရုံး လက်အောက်ရှိ...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီ း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်မှု တရားခံအား သုံးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ်တွင် မီးဖိုချောင်သုံး ရေနံဓာတ်ငွေ့ရည် (LPG) အား အစားထိုးသုံးစွဲရေးအတွက် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။