Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် အတွင်း မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၁၃ လုံး ဆုံးရှုံး

ဂွမြို့နယ်၊ ရဟိုင်းကူးတို့ ကျေးရွာ၌ မီးလောင်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ ကျေးရွာ၌ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၁၃ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။

ဖေဖော်ဝါရီလ ၂၀ ရက် ၊ မွန်းလွဲပိုင်း အချိန်တွင် ရဟိုင်းကူးတို့ကျေးရွာနေ မဒေါပုံ(ခ)မစန်းမြင့်၏ နေအိမ် မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၁၃ လုံး ၊ ဂိုဒေါင် ၁ လုံး စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၀၈,၅၀၀ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုကြောင့် ဂွမြို့မရဲစခန်း(ပ)၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် မဒေါပုံ(ခ)မစန်းမြင့် အား အရေးယူ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.