Connect with us

Politics, Law & Military

စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများရှိလာဟုဆို

အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒထုတ်ပြန်ကြေညာသည့် အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတွင် ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာကြောင်း မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

၂၀၁၂ ခုနှစ် တွင် စိတ်ပြောင်း ဆေးဝါးသစ်အမျိုးပေါင်း ၂၆၀ တွေ့ရှိခဲ့သော် လည်း၂၀၁၇ ခုနှစ်မှာ အမျိုးပေါင်း ၆၃၀မျိုးထိ မြင့်တက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

မူးယစ်ဗဟိုအဖွဲ့အနေဖြင့် အမျိုးသားမဟာဗျူဟာစီမံချက် (National Strategic Plan) ကို ၆ လအတွင်းရေးဆွဲမည်ဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု လျော့ကျစေရေးကို အဓိကအခန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းရေး ဆွဲမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အမျိုးသား မူးယစ် ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း စီမံချက် တစ်ခုကို၂နှစ်ကာလ သတ်မှတ်ပြီးတိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရေးဆွဲအကောင် အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြင်ဆင်ထားရှိသောမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအတည်ပြုပြီးပါက ဥပဒေပုဒ်မ ၁၅ အရ ထောင်ဒဏ်ချ မှတ်ခြင်းမရှိတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲသူများအား ဆေးကုသရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ တိုးမြှင့်ရန် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် ထားရန် လိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆိုသည်။

အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒထုတ်ပြန်ကြေညာသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hilton Hotel၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက မိန့်ခွန်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မူးယစ် ဗဟို အဖွဲ့ဝင်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ သစ်ရေးဆွဲရေး ဦးစီးကော်မတီ ဝင်များနှင့်အထူးဖိတ်ကြားထားသူများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊မြန်မာနိုင်ငံနှင့် မူးယစ် ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးထားသောနိုင်ငံများမှ သံအမတ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ၊ မူဝါဒသစ်ရေးဆွဲရေး လုပ်ငန်းအဖွဲ့ ဆွေးနွေး ပွဲများတွင် ပါဝင်ဆွေးနွေးခဲ့သည့် NGO၊ CBO၊ CSO များမှ ကိုယ်စားလှယ်များ၊ ပြည်ထဲရေးဝန်ကြီး ဌာနမှအမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.