Connect with us

Environment, Disasters & Accidents

စာရာမေရိတောင်တစ်ဝိုက်ရှိ သစ်တောများကို ကြိုးပြင် ကာကွယ်တော အဖြစ် စတင်ဖွဲ့စည်းရန် ကွင်းဆင်း လေ့လာ

စာရာမေရိတောင်အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

စာရာမေရိတောင်တစ်ဝိုက်ရှိ သစ်တောများကို သဘာဝအတိုင်း တည်ရှိစေရေးအတွက် ပထမဆင့် အနေဖြင့် ကြိုးပြင် ကာကွယ်တော အဖြစ် စတင်ဖွဲ့စည်းရန် ကွင်းဆင်း လေ့လာလျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း စာရာမေရိတောင် တစ်ဝိုက်ရှိ သဘာဝ ပေါက်ရောက်လျက်ရှိသော သစ်တောများကိုအခြားအသုံးချမှု မဖြစ်စေရန်၊ သစ်တောကြီးများကို ထိန်းသိမ်းနိုင်ရေး ပထမအဆင့် အနေဖြင့် ကြိုးပြင်ကာကွယ်တောအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကွင်းဆင်း လေ့လာမှုများကို ဇန်နဝါရီ နောက်ဆုံးပတ် အတွင်းက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာရေးအဖွဲ့ ၏ စာရာမေရိတောင်၏ အခြေ အမြင့်ပေ(၁၈ဝဝ)အထိတက်ရောက် လေ့လာမှုအရ တောင်အနိမ့်အမြင့် အလိုက် ထင်းရှူးတောများ၊ အမြဲစိမ်းတောများ၊ အထက်ရွက်ပြတ်ရောနှောတောများ တွေရကြောင်း၊ အချို့အနိမ့််ပိုင်း တောင်များတွင် တန်ဖိုးရှိသစ်တောအနည်းငယ်သာ တွေ့ရှိပြီး တောအတော် များများတွင် တန်ဘိုးရှိ သစ်များ ပေါက်ရောက်မှု မရှိသည်ကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.