Connect with us

Science & Technology

ရန်ကုန်မြို့ပတ်ရထားလမ်း အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပြ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရန်ကုန်မြို့ပတ်ရထားလမ်းကို အပိုင်း သုံးပိုင်း ခွဲခြား၍ ယနေ့စတင် ဆောင် ရွက်နေပြီဖြစ်ကြောင်း အောက် မြန်မာပြည်မီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့ပတ်ရထားအဆင့်မြှင့် တင်ခြင်း အပိုင်း ၁ အဖြစ် တညင်းကုန်း-အင်းစိန် ၃ ဒသမ ၇၅ မိုင် ကို ဖေဖော်ဝါရီ ၂၁ ရက်မှ မေ ၃၁ ရက်အထိ၊ အပိုင်း ၂ အဖြစ် အင်းစိန်-ကြည့်မြင်တိုင် ၅ ဒသမ ၅ မိုင်ကို အောက်တိုဘာ ၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလကုန်အထိ၊ အပိုင်း ၃ အဖြစ် ကြည့်မြင်တိုင် -ရန်ကုန် (ဘုရားလမ်း) ၂ ဒသမ ၇၅ မိုင်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လကုန် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင် ရေးလုပ်ငန်း ဆောင်ရွက်နေမှုကြောင့် ရန်ကုန်ဘူတာကြီးမှ ကွန်ပျူတာ တက္ကသိုလ်သို့ ပြေးဆွဲနေသော ‘ထ’ ရထား ကို ယာယီအားဖြင့် ရပ်ဆိုင်း ထားကြောင်း၊ ယင်းရထားအစား YBS 78 ကို ရန်ကုန် ဘူတာကြီးမှ တညင်း ကုန်းသို့ ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။

လက်ရှိ ရန်ကုန် မြို့ပတ်ရထားစီး ခရီးသွားလာသူ နေ့စဉ် ၉ဝဝဝဝ ခန့် ရှိနေကြောင်း၊ တစ်နေ့ တွဲဆိုင်း၂၅ ဆိုင်းဖြင့် ခေါက်ရေ ၂၂ဝ ပြေးဆွဲပေး လျက်ရှိကြောင်း၊ တညင်းကုန်း-ပုရွက် ဆိပ်ကုန်း -ပုဇွန်တောင် ဘူတာလမ်း ပိုင်းမှာ ၁၅ ဒသမ ၇၅ မိုင်ရှိကြောင်း၊ ရန်ကုန် မြို့ပတ်ရထားလမ်း စုစုပေါင်း ၂၉ ဒသမ ၅ မိုင်ရှိကြောင်း သိရသည်။

အဆိုပါ မြို့ပတ်ရထားလမ်းပိုင်း များအဆင့်မြှင့်တင်ရာတွင် ရထားလမ်းပိုင်း များကျောက်ဖြည့်ခြင်း၊ ဇလီဖာတုံး များနှင့် သံလမ်းများလဲခြင်း၊ ဘူတာ များပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ မီးရထားပလက်ဖောင်းများ အဆင့် မြှင့်တင်ခြင်းစသော လုပ်ငန်းများ ပါဝင် ကြောင်း၊ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ပြုပြင်ပြီးပါက လက်ရှိမြို့ တစ်ပတ် ခုတ်မောင်းချိန် ၂ နာရီ မိနစ် ၅ဝ မှ ၁ နာရီ မိနစ် ၅ဝ ဖြင့် ခုတ်မောင်းနိုင် မည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းတွင် ပါရှိသည်။ (Xinhua)