ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၁၈ အာရှ ယူ-၂၃ ချန်ပီယံရှစ်ဘောလုံးခြေစစ်ပွဲ အုပ်စု(F)၏ အုပ်စုပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၂၁ ရက်(ယနေ့) ည ၆း၀၀ နာရီက သုဝဏ္ဏကွင်း၌ ဘရူနိုင်းအသင်းနှင့် မြန်မာအသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းအစရှိသည့်ရေနှင့် ဆက်နွယ် နေသော သဘာဝဘေး အန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့ခံ စားရလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့် အလုပ်စခန်းအများစုတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသဖြင့် ဖြည့်ဆည်းပေးသင့်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ပြည် ထောင်စု လွှတ်တော်သို့ ယနေ့တင်ပြသည့် ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။
နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) သက်တမ်း ကုန်ဆုံး၍ လစ်လပ်လာတော့မည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများနှင့် ဒါရိုက်တာ အဖွဲ့ဝင် ရာထူးနေရာများတွင် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတက အဆိုပြုကာ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့...
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အတွက် ထိုင်းနိုင်ငံတွင် သွားရောက်လေ့ ကျင့်လျက် ရှိသော မြန်မာလက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ဇူလိုင်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် KAasem Bundit University အသင်းနှင့်...
နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တိုင်ကြားစာ ၃၇၃၇ စောင်ရရှိခဲ့သည်ဟု ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ယနေ့ ပြညည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ကော်မရှင်၏ အစီရင်ခံစာ တင်သွင်းရာတွင်...
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ် အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ရေဝင်နစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် ၇၇/၁၄ နှင့် ၇၇/၂၀ အကြား ရထားသံလမ်းပေါ်သို့ ရေကျော်မှု ဖြစ်ပေါ်ခဲ့သဖြင့် အမှတ် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးသည်တင် ရထားသည် ရေကျချိန်အား စောင့်ဆိုင်းလျက် ရှိကြောင်း...