Connect with us

Politics, Law & Military

နိုင်ငံသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပ

ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန် အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံသားအားလုံး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယနေ့ အောက်တိုဘာ ၁၀ရက်နေ့၌ ရန်ကုန်မြို့ အောင်ဆန်းဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ မဟာယာန စသည့် ဘာသာကြီးများမှ ဘာသာရေးခေါင်းဆောင်များ တက်ရောက်ကာ ငြိမ်းချမ်းရေး မေတ္တာစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ငြိမ်းချမ်းရေးဖယောင်းတိုင်ကိုထွန်းညှိကာ ဘာသာပေါင်းစုံဆုတောင်းပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်က ထေရဝါဒဗုဒ္ဓတရားတော်နှင့်အညီ မေတ္တာစကားပြောကြားခဲ့ကြောင်း သိရသည်။အစ္စလာမ်ဘာသာရေးခေါင်းဆောင် ၊ဟိန္ဒူဘာသာရေးခေါင်းဆောင်၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တို့ကလည်း မေတ္တာစကားများ အသီးသီးပြောကြားခဲ့ကြကြောင်းသိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117