Connect with us

Politics, Law & Military

ချင်းပြည်နယ်၏ ၂ဝ၁၈-၂ဝ၁၉ ဒေသန္တရ စီမံကိန်းရေးဆွဲရာ၌ ပြည်သူလူထုပါဝင်နိုင်

ချင်းပြည်နယ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်အစိုးရ၏ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလျာ ထားချက်(မူကြမ်း) ရေးဆွဲပြုစုခြင်းကို စက်တင်ဘာလဆန်းမှ စတင်ကာ မြို့နယ် အဆင့်တွင် သက်ဆိုင်ရာ မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်၍ မြို့ နယ် ဒေသန္တရစီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေး ကော်မတီဝင်များက စတင်စုစည်းဆောင်ရွက်ခဲ့ရာထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုပိုမို၍ ပါဝင်နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြည်နယ်အဆင့် စာရင်းချုပ် စုစည်း ရေးဆွဲခြင်းကို အောက်တိုဘာ ၃ ရက်မှ စ၍ ဟားခါးမြို့တွင်သက်ဆိုင်ရာ မြို့နယ် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ရေးကော်မတီဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)များ၊ မြို့နယ် စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီအတွင်းရေး မှူး (မြို့နယ်စီမံကိန်းဦးစီးမှူး)များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ခံဝန်ကြီးများက စုစည်း ညှိနှိုင်းရေးဆွဲဆောင်ရွက်ပြီး ပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြ အတည်ပြုကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ အောက်တိုဘာ ၁၆ရက် အရောက် ပေးပို့တင်ပြသွားမည်ဖြစ် ကြောင်းသိရသည်။

လာမည့် ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာရေး နှစ်မှစတင်ကာဘဏ္ဍာရေးနှစ် အပြောင်း အလဲပြုလုပ်မည်ဖြစ်ပြီး ဧပြီ -မတ်လ များအစား အောက်တိုဘာ – စက်တင်ဘာ လအဖြစ် ပြောင်းလဲဆောင်ရွက်မည်ဖြစ် သည့်အပြင် ယခုနှစ်အတွက် ဒေသန္တရ စီမံကိန်းရေးဆွဲရာတွင် ၂ဝ၁၈ ဧပြီ- စက် တင်ဘာ (၆လစာ) နှင့် ၂ဝ၁၈ အောက်တို ဘာ – ၂ဝ၁၉ စက်တင်ဘာ (၁၂ လစာ) စုစုပေါင်း ၁၈ လစာ ရေးဆွဲ သွားရမည်ဖြစ် သည်။

ဒေသန္တရစီမံကိန်းလျာထားချက်ကို အခြေခံကာဘဏ္ဍာငွေခွဲဝေချထားပေးမှု ဆောင်ရွက်မည်ဖြစ်ကာ ချင်းပြည်နယ် မိဘပြည်သူများအနေဖြင့် မိမိတို့မြို့နယ် အလိုက် ဦးစားပေးဆောင်ရွက်စေလို သော လုပ်ငန်းများအတွက် သက်ဆိုင်ရာမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီမှတစ်ဆင့်လည်း ကောင်း၊ မိမိတို့မြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် လည်းကောင်း၊ မိမိတို့၏ မြို့နယ် တာဝန်ခံဝန်ကြီးများထံမှလည်းကောင်း ဆက် သွယ် ဆောင်ရွက်ကြရန် ချင်းပြည်နယ် အစိုးရအဖွဲ့က အသိပေးနှိုးဆော်ထား ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.