Connect with us

Politics, Law & Military

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီအစည်းအဝေးကျင်းပ

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီအစည်းအဝေးကျင်းပစဉ် (သမ္မတရုံး)

ရန်ကုန်၊အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးရန် လျာထားသည့် ဗီဇာ(၁၂)မျိုးအပြင် Reentry Visa ၊ Special Visa နှင့်အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာ စသည့် ဗီဇာ(၃)မျိုး ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ဗီဇာကိုလုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနေ သကဲ့သို့ ဗီဇာဖြင့် ဝင်ရောက်လာသူများကို လုပ်ငန်းကော်မတီ(၆)ခုမှ စနစ်တကျ စစ်ဆေး စိစစ်ဆောင် ရွက်သွားရန်လိုပါကြောင်း၊ အထူးသဖြင့် Blacklist ၊ အကြမ်းဖက်နှင့် ဆက်စပ်နေသည့် Terrorist များအား သေချာစွာ စိစစ်နိုင်မှသာ ကာကွယ်မှုရရှိနိုင်မည် ဖြစ်ပါကြောင်း၊

ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်ခြင်းကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူပြုမည်ဖြစ်သော်လည်း လုံခြုံရေးပိုင်းတွင် များစွာ ဂရုစိုက်ရမည့် အခြေအနေရှိကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တော၊ ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ခရီးသွားလုပ်ငန်းများတွင်လဲ ထိခိုက်နိုင်ပြီး အတားအဆီး မရှိသည့်ဝင်ပေါက်များမှ အကြမ်းဖက်နှင့်ဆက်စပ်နေသည့် Terrorist များ ဝင်ရောက်လာနိုင်ခြင်းကြောင့် လုံခြုံရေး အထူးဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊

မိမိတို့နိုင်ငံသို့ လာရောက်ကြသည့် နိုင်ငံခြားသားများအား ကာကွယ်စောင့် ရှောက်ပေးနေသလို တစ်ဖက်တွင်လဲ မိမိတို့နိုင်ငံအား နှောင့်ယှက်ဖျက်ဆီးအန္တရာယ် ပေးမယ့်သူများကို အထူးဂရုစိုက် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကမ္ဘာလှည့် ခရီးသည်များ လာရောက်ရန် စိတ်ဝင်စားဆုံးနိုင်ငံဖြစ်၍ ဝင်ရောက်မှုအား စေ့စပ် သေချာစွာ စစ်ဆေးခြင်းမပြုပါက လုံခြုံရေးကျိုးပေါက်မှုဖြစ်ခဲ့ရင် ကမ္ဘာလှည့် ခရီးသည်များ ဝင်ရောက်မှု အလွန်ထိခိုက်နိုင်ကြောင်း ၎င်းကဆိုသည်။

ယခင်က ခရီးသွားလာမှု အနှောင့်အယှက်မရှိခဲ့သော်လည်း မောင်တော၊ ဘူးသီးတောင်ဒေသဖြစ်စဉ်များရှိခဲ့ပြီးနောက် လုံခြုံရေးကို အဖက်ဖက်က စနစ်တကျ လုပ်ဆောင်ပေးရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ အစည်းအဝေးခေါ် ယူရခြင်း ဖြစ်ကြောင်း ဒုတိယ သမ္မတက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ဝင်ထွက် ဂိတ်များအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ) စသည့် ဂိတ်(၄)ခု သတ်မှတ် ထားပါကြောင်း၊ ကျန်နယ်စပ်ဂိတ်များ အပါအဝင်(၂၃)ဂိတ် ရှိပါကြောင်း၊ အချို့ ဝင်/ထွက် ဂိတ်များမှာ Border Pass ဖြင့် ဝင်ခွင့်ပြုနေပါကြောင်း၊ Border Pass ပေးရာတွင် ကန့်သတ်နယ်မြေ သတ်မှတ်စာရင်းများ ရှိသင့်ပါကြောင်း၊ Check Gate များ ပြုလုပ်ထားသင့်ပြီး ဝင်ရောက်သည့် ဂိတ်မှပင် ပြန်လည်ထွက်ခွာရန် လိုပါကြောင်း၊ ဝင်သည့်ဂိတ်မှ မထွက်ဘဲ ၎င်းတို့သွားလိုရာခရီးကို သွားရောက်ပြီး အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်သောကြောင့် စစ်ဆေးရေးဂိတ်များတွင် Instrument များ စုံစုံလင်လင်ထားရှိမှသာ Blacklist များ ဝင်ရောက်လာခြင်း ရှိ၊ မရှိ Terrorist ဝင်ရောက်မှု ရှိ/မရှိ တို့အား စစ်ဆေးစောင့်ကြည့်နိုင်မည်ဖြစ်ကြောင်း ဒုသမ္မတက ပြောသည်။

နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးကျော်မျိုး၊ ဦးမောင်မောင်ဝင်း၊ ဦးစိုးအောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.