Connect with us

Culture & Entertainment

ရေတိုက်စားမှုကြောင့်ပေါ်ထွက်လာသော ကလေးမြို့နယ်မှ ရှေးဟောင်းအုတ်ရိုးတန်းကို တူးဖော်လေ့လာသွားမည်

ရှေးဟောင်းအုတ်ရိုးတန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဦးကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု များပြားခဲ့ခြင်းကြောင့် မြစ်သာမြစ်ရေ တိုက်စားကာ စက်တင်ဘာ ၁၃ ရက်က ကမ်းပြိုကျရာမှ ရှေးဟောင်းအုတ်ရိုး တန်းတစ်ခု ပေါ်ထွက်လာခဲ့ရာ အဆိုပါ ရှေးဟောင်းအုတ်ရိုးတန်းကို သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် သုတေသနပညာ ရှင်များပူးပေါင်းကာ တူးဖော် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကလေးတက္ကသိုလ် သမိုင်းဌာန မှ သိရသည်။

မြစ်သာမြစ်ကမ်းနံဘေးတွင် ပေါ်နေ သော အုတ်ရိုးတန်းမှာ အလျားပေ ၃ဝ ခန့်၊ အနံ ၅ ပေခွဲခန့်ရှိပြီး အုတ်ရိုးတွင် စီထားသည့် အုတ်တစ်ချပ်လျှင် အလျား ၁၅ လက်မ၊ အနံ ၇ လက်မရှိကြောင်း သိရသည်။ ကလေးတက္ကသိုလ် သမိုင်း ဌာနမှ တာဝန်ရှိသူတစ်ဦးက လက်ရှိတွင် မိုးတွင်း ကာလဖြစ်သောကြောင့် တူးဖော်ရန် အခက်အခဲများရှိနေကာ မိမိတို့ဘာသာ ဆက်လက် တူးဖော်မည်ဆိုပါကလည်း ရှေးဟောင်းပစ္စည်းများကို ထိခိုက်ကျိုး ပြတ်စေမည်ကို စိုးရိမ်သောကြောင့် ကျွမ်းကျင်ပညာရှင်များကို ဆက်သွယ် အကူအညီတောင်းခံ၍ တဖြည်းဖြည်း ချင်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ ရေတိုက်စားမှုကြောင့် ပေါ် လာသည့် တောင်ဦးကျေးရွာမှ အုတ်ရိုး တန်းကို ကလေးတက္ကသိုလ်သမိုင်းဌာနမှ သမိုင်းပါမောက္ခနှင့် ကလေးမြို့ ရှေး ဟောင်းအမွေအနှစ် လေ့လာရေးအဖွဲ့ တို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး အုတ်ရိုး အနီးတွင်တွေ့ရှိရသည့် ရေသွန်ခရား နှုတ်ခမ်းများနှင့် အိုးပဲ့ အပိုင်းအစများကို လေ့လာကြည့်ခြင်းအားဖြင့် ပုဂံခေတ် လွန်ပိုင်း၊ အင်းဝခေတ်ဟု ယူဆရသည့် အတွက် လွန်ခဲ့သော နှစ်ပေါင်း ၇ဝဝ နှင့် နှစ်ပေါင်း ၁ဝဝဝ အကြားတွင် တည် ဆောက်ခဲ့သော ဘုရားစေတီတစ်ဆူ၏ အောက်ခြေ အုတ်ဖိနပ်တော် (သို့ မဟုတ်) အုတ်တံတိုင်းတစ်ခု ဖြစ်မည်ဟု သုံးသပ်ခန့်မှန်းခဲ့ကြကြောင်း သိရသည်။

အလားတူ ကလေးမြို့နယ် စခန်းကြီး ကျေးရွာအနီး နေရဉ္စရာမြစ်ကမ်းပါး၌ လည်း ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် နှစ်လယ် ပိုင်းက အမြင့် ၄ ပေ၊ အလျားပေ ၁ဝဝ ခန့်ရှိ ရှေးဟောင်းအုတ်ရိုးတစ်ခု ပေါ် ပေါက်ခဲ့ဖူးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.